38 C
Yangon

တောင်ပိုင်းစစ်ဒေသ တောင်ညိုစစ်ကြောင်းကို လက်နက်များ တပ်ဆင် ပေးအပ်​

Must read

တောင်ပိုင်းစစ်ဒေသ တောင်ညိုစစ်ကြောင်းကို လက်နက်များ တပ်ဆင် ပေးအပ်​

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

အမျိုးသား ညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်မတော်​၏ တောင်ညိုစစ်ကြောင်းကို လက်နက်များ တပ်ဆင်ပေးအပ်​ခဲ့ကြောင်း ကစယ့်သူး (တောင်ညို) စစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်​၏ တောင်ညိုစစ်ကြောင်းမသို့ သွားရောက်ကာ တိုက်ပွဲဝင်ရဲဘော်များအား လက်နက်များ တပ်ဆင်ပေးအပ်​ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဒေသခွဲ အမှတ် ၃ အတွင်း စစ်ဆင် ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း၊ နွေဦးတော်လှန်ရေး၏ ၂ နှစ်ကျော်ကာလအတွင်း အာဏာ ရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုဩဝါဒစကားပြောကြားခဲ့ကြောင်း၊ စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကားပြောဆို၍ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းနိုင်ခဲ့ကြောင်း ကစယ့်သူး (တောင်ညို) စစ်ကြောင်းထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article