၅/အရာတော် စစ်ကြောင်း ” တသံတည်းညီ တချီတည်းရုန်း” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတ ပကဖ)၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ကျေးလက်ပြည်သူလူထု လက်တွဲညီညီ အတူပူးပေါင်း၍ “တသံတည်းညီ တချီတည်းရုန်း”၊ “၅/အရတ” စသည့်ဘန်နာစာတန်းများကိုင်စွဲကာ ကျေးလက်လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြသည်။


