တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နွေဦးတော်လှန်ရေး ထောက်ပို့မှုသာအားကောင်းရင် အောင်မြင်မှုက ဒီထက်ပိုမှာ ဖြစ်ကာ ဘက်ပေါင်းစုံက အကျအရှုံးများနေတဲ့ စကစကို တွန်းလှန်ရာမှာ အမြန်ဆုံး အအောင်မြင်ဆုံး အထိရောက်ဆုံးဖြစ်ဖို့ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့ငွေကြေးထောက်ပို့မှု အဓိကပေးရန် ဒယ်ဂူးဘုန်းဘုန်းမှ မိန့်ကြားခဲ့ကြောင်း သိရသည်။