28 C
Yangon

KNU တပ်မဟာ ၅ နယ်​မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအ​လောင်း ၁ ​လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိ

Must read

KNU တပ်မဟာ ၅ နယ်​မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအ​လောင်း ၁ ​လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ​ဖေ​ဖော်ဝါရီ ၂၅

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်​မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအ​လောင်း ၁ ​လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိ​ကြောင်း ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော်(BPLA)မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

ယ​နေ့နံနက် ၆ နာရီအချိန် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်​ကြောင်းသိရှိရသည်။

တိုက်ပွဲမှာ မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့​ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်သားအ​လောင်းအလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့​ကြောင်း၊ တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article