လောင်းလုံးတွင် PTT၊ PTTEP တံဆိပ်ပါ ကုန်ပစ္စည်းများ မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြော
ရန်ကုန်၊ မတ် ၂
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီဝင်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက်နေ့တွင် PTT၊ PTTEP တံဆိပ်ပါ ကုန်ပစ္စည်းများ မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြောင်း သိရသည်။
PTTEP နှင့် PTT သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅% ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂% နှင့် ဇောတိကစီမံကိန်းတွင် ၈၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီကြီးတစ်ခု ဖြစ်ကြောင်း သိရှိရသည်။



