ယင်းမာပင်၊ မြောနုံးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ
ရန်ကုန်၊ မတ် ၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောနုံးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၃ ရက်နေ့ ညနေပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောနုံးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“အကြမ်းဖက် စစ်ခွေးတွေက ယင်းမာပင်နယ် မြောနုံးရွာကို အခု ညပိုင်း မီးရှို့ဖျက်ဆီးနေတယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဝေးက ကြည့်ရတာတော့ မီးများတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

