38 C
Yangon

မြန်မာ့အရေးက ပြည်တွင်းရေးကိစ္စ မဟုတ်ဘဲ ဒေသ တစ်ခုလုံး၏ လုံခြုံရေးနှင့် သာယာ၀ပြော ရေးကို ထိခိုက်နေဟု မလေးရှားဝန်ကြီးချုပ် ပြောဆို

Must read

မြန်မာ့အရေးက ပြည်တွင်းရေးကိစ္စ မဟုတ်ဘဲ ဒေသ တစ်ခုလုံး၏ လုံခြုံရေးနှင့် သာယာ၀ပြော ရေးကို ထိခိုက်နေဟု မလေးရှားဝန်ကြီးချုပ် ပြောဆို

■ နိုင်ငံအချင်းချင်း ပြည်တွင်းရေး မစွက်ဖက်ရေးမူက လျစ်လျူရှု၊ ဥပက္ခာပြုရန် ခွင့်ပြုချက်ပေးထားခြင်းမဟုတ်

ရန်ကုန်၊ မတ် ၃

မြန်မာ့အရေးက ပြည်တွင်းရေးကိစ္စမဟုတ်ဘဲ ဒေသတွင်းတစ်ခုလုံး၏ လုံခြုံရေးနှင့် သာယာ၀ပြောရေးကို ထိခိုက်နေပြီး အာဆီယံအနေဖြင့် တရားမျှတမှုနှင့်တရား ဥပဒေစိုးမိုးရေး ဘက်မှ ရပ်တည်ရမည်ဟု မလေးရှားဝန်ကြီးချုပ် အန်နဝါက ပြော ဆိုလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်နှင့် ဂုဏ်ထူး‌ဆောင် ဒေါက်တာဘွဲ့ သွား ရောက်ရယူနေစဉ် မလေးရှားဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတနှင့်တွေ့ဆုံစဉ် မြန်မာ့အရေးဖြေရှင်းရန် အာဆီယံအနေဖြင့် နည်းလမ်း အသစ်ရှာရမည်ဟု ပြောဆိုခဲ့သည်။

“ရိုးရိုးသားသားပြောရမယ်ဆိုရင် ပြည်တွင်းရေး ဝင်မစွတ်ဖက်ရေးမူဟာ လျစ် လျူရှုဖို့နဲ့ ဥပက္ခာပြုဖို့ ခွင့်ပြုချက်မဟုတ်ပါဘူး။ မလေးရှားနိုင်ငံမှာ မြန်မာဒုက္ခသည် နှစ်သိန်းကျော်ရှိနေပြီး ဒါကလည်း ကျနော်တို့ နိုင်ငံကို ထိခိုက်စေပါတယ်။ မြန်မာ့အရေးဟာ ပြည်တွင်းရေးကိစ္စ သက်သက်မဟုတ်ဘဲ ဒေသတွင်း လုံခြုံရေးနဲ့ သာယာ၀ပြောရေးကို ထိခိုက်နေပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆိုသည်။

မကြာသေးခင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ဆိုးဝါးသော လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် အာဆီယံမှ ယာယီ ထုတ်ပယ်သင့်သည်ဟု ပြော ဆိုခဲ့ပြီး အာဆီယံအနေဖြင့် တရားမျှတမှုနှင့် ဥပဒေစိုးမိုးရေး ဘက်မှ သာ ရပ် တည်ရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article