29 C
Yangon

ချောင်းဦးတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ်အရွယ် ဒေါ်စန်းကြည်တို့ သေဆုံး

Must read

ချောင်းဦးတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ်အရွယ် ဒေါ်စန်းကြည်တို့ သေဆုံး

■ ခင်မွန်ကျေးရွာမှ နေအိမ် ၇၀ ကို စစ်တပ်က မီးရှီု့ဖျက်ဆီး

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ခင်မွန်ကျေးရွာကို ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ် ဒေါ်စန်းကြည်တို့ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၃ ရက်နေ့ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ ခင်မွန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ်အရွယ် ဒေါ်စန်းကြည်တို့မှာ သေဆုံးသွားခဲ့ရကြောင်း၊ ထို့ပြင်စစ်တပ်က ခင်မွန်ကျေးရွာ အတွင်းမှ အိမ်ခြေ ၇၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး အဆိုပါ မီးရှို့မှုမှာ ဒုတိယအကြိမ်မြောက် စစ်တပ်က ကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“နမခ( အနောက်မြောက်တိုင်းစစ်ဌာနချုပ်) မှ ဆင်းလာတဲ့ခွေးလမ်းကြောင်းဟာခင်မွန်ရွာသို့အရောက်မှာလက်သံ ပြောင်လှတဲ့ CHUPDF မိုင်းတပ် ခွဲ (၄) ရဲ့ အုန်းသီးတွေနဲ့ အတော်အီစိမ့်သွားပုံရပါတယ်။အဲဒါနဲ့ပဲ လက်နက်ကြီးတွေ ရမ်းသန်းပစ်ပြီးဘာမှမဆိုင်တဲ့ ပြည်သူအိမ်တွေကို မနက်ခင်းမှာ စတင် မီးရှို့ပါတော့တယ်။ ခန့်မှန်း​ခြေအရ အိမ်ခြေ( ၇၀ )လောက်ပါသွားပါတယ်။ဒါက ခင်မွန်ကိုမီးတင်တာ နှစ်ကြိမ်မြောက်ပါ။ ညပိုင်းထိ မီးတွေက လောင်နေခဲ့ပါတယ်။ ခွေးတွေရဲ့လက်နက်ကြီး ကြောင့်အပြစ်မဲ့ပြည်သူနှစ်ဦးဖြစ်တဲ့ ဒေါ်စန်းကြည် ၆၇ နှစ်နဲ့ မောင်ပြည့်ဖြိုးဦး ၁၃နှစ် ကျဆုံးသွားရှာပါတယ်။ အခြားစိုးရိမ်ရ ဒဏ်ရာရ နှစ်ယောက်လည်း ရှိပါသေးတယ်” ဟု ချောင်းဦးဆရာတော်က အခြေအနေကို ရှင်းပြသည်။

စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်သော ကလေးငယ်နှင့် အဘွားတို့၏ ရုပ်အလောင်းများကို မိသားစု မပါဘဲ ခက်ခက်ခဲခဲ သယ်ထုတ် သဂြိုလ်ရကြောင်း၊ လက်ရှိအချိန်အထိ ခင်မွန်ကျေးရွာအနီးတွင် စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article