တနင်္သာရီမြို့တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူဟု သတ်မှတ်ခံရသူ အောင်ဇော်ချစ် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်လုပ်သေနတ် ၁ လက် သိမ်း ဆည်းရမိဟုဆို
ရန်ကုန်၊ မတ် ၈
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့အတွက် အလုပ်လုပ်နေသူဟု သတ်မှတ်ခံရသူ အောင်ဇော်ချစ် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး သေနတ်တစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်း ဆည်း ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
ယမန်နေ့ မတ်လ ၇ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီအတွက် မြေပြင်သတင်း ထောက်လှမ်းရန်အတွက် ပြည် ထောင်စုလမ်းပိုင်းတစ်နေရာသို့ လာရောက်သော အောင်ဇော်ချစ်ကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် များက ပစ်ခတ်ရာ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းကိုင်ဆောင်သည့် လက် လုပ်သေနတ်တစ်လက်၊ သတင်း ထောက် လှမ်းရာတွင် အသုံးပြုသော ဖုန်းတစ်လုံးနှင့် ဆက်စပ်သတင်းအချက်အလက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အောင်ဇော်ချစ်၏ လက်ကိုင်ဖုန်းအတွင်းပါ အချက်အလက်များအရ နောက် ဆက် တွဲ ပုဂ္ဂိုလ် များကို ဆက်လက်အရေးယူသွားမည်ဖြစ်ပြီး အောင်ဇော်ချစ်(ခ)ကုလားချေကို ပစ်ခတ်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်သာ သက်ဆိုင်ပါကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် အောင်ဇော်ချစ်သည် မြေပြင်တွင် စစ်တပ်အတွက် အမှန်တကယ် အလုပ်လုပ်နေခြင်း ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပေ။