Khit Thit သတင်းဌာန၏ မတ် ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ပဲခူးမှာ အကြမ်းဖက် စစ်ကောင်စီက လုပ်ဖို့ရှိနေတဲ့ သင်္ကြန် စည်ကားရေးအတွက် လုပ်ငန်းရှင်တွေနဲ့ အဆောင်ဆောက်လုပ် ငှားနေတဲ့ အိမ်ပိုင်ရှင်တွေဆီကနေ တစ်ဦး ငွေကျပ် ၃ သောင်း မဖြစ်မနေ ပေးသွင်း ရမယ်လို့ မြို့နယ်အုပ်ချုပ်ရေး ကောင်စီက အမိန့်ပေး တောင်းယူနေတယ်လို့ သိရပါတယ်။
– ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းပေါ်မှာ စစ်ကြောင်းထိုးလားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို CDF Matupi ကနေ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ၁၀ ဦးသေသွားတယ်လို့ CDF Matupi ဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်းက သတင်းအနေနဲ့စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။