ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြောက်ဥက္ကလာမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေးနှင့် ကျဆုံးခဲ့သည့် PDF ရဲဘော်များအတွက် သွေးမအေးကြောင်း ပြသသည့်အနေဖြင့် နိုင်ငံတော် အလံအား မီးရှို့ကာ ဖက်ဆစ် စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် ရုရှား နိုင်ငံကိုပါ ဆန့်ကျင်သည့်အနေဖြင့် ရုရှားနိုင်ငံ အလံပါ မီးရှို့ခဲ့ကြောင်း သိရသည်။