ယူကရိန်းတွင် ရုရှားက ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် သမ္မတ ပူတင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်
ရန်ကုန်၊ မတ် ၁၇
ယူကရိန်းတွင် ရုရှားက ကလေးသူငယ်များအပေါ် ကျူးလွန်ခဲ့သော စစ်ရာ ဇ၀တ် မှုများနှင့်ပတ်သက်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ဖမ်း ဝရမ်းထုတ်လိုက်ကြောင်း သိရှိရသည်။
ယူကရိန်း ဒေသများမှ ကလေးများကို ရုရှားနိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်ခြင်း တွင် ရုရှားသမ္မတ ပူတင်ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသည့်အတွက် ICC တရားရုံးက သောကြာနေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
ကလေးများအပေါ် ကျူးလွန်သော စစ်ရာဇ၀တ်မှုများအတွက် မစ္စတာပူတင်တွင် တာဝန်ရှိသည်ဟု ရုံးတော် က ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ရုရှား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Maria Alekseevna Lvova-Belova ကိုလည်း ဖမ်းဆီးရန် ICC က ဝရမ်းထုတ်ထားသည်။
ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော် ဝင် ရောက် လာချိန်မှစ၍ အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများနှင့် ရက်စက်ယုတ်မာ မှု များ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။။
ရုရှားသည် ယူကရိန်းတွင် ကျယ်ပြန့်သော စစ်ရာဇ၀တ်မှုများ ကျူးလွန် နေသည် ဟု ကုလသမဂ္ဂ ကျော ထောက်နောက်ခံ စုံစမ်းရေး ကော်မရှင်က ထုတ်ပြန်ပြီး နောက် တစ်ရက်အကြာတွင် သမ္မတ ပူတင်ကို ဖမ်းဆီးရန် ဝရမ်း ထွက် ပေါ် လာ ခြင်း ဖြစ်သည်။
ဓာတ်ပုံ- ယမန်နှစ် ပူတင်ကို တွေ့ဆုံရ၍ ပျော်ရွှင်နေသော အကြမ်းဖက် စစ် ခေါင်း ဆောင် မင်းအောင်လှိုင်။