29 C
Yangon

တန့်ဆည်တွင် စစ်ကောင်စီ စီစဉ်သည့် သင်္ကြန်တွင် ပါဝင်သည့် အနုပညာရှင် များ ကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင် ကျဆုံးရေး ချီတက်ဆန္ဒပြ

Must read

တန့်ဆည်တွင် စစ်ကောင်စီ စီစဉ်သည့် သင်္ကြန်တွင် ပါဝင်သည့် အနုပညာရှင် များ ကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင် ကျဆုံးရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီ စီစဉ်သည့် သင်္ကြန်တွင် ပါဝင် သည့် အနုပညာရှင် များ ကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင် ကျဆုံးရေး ယနေ့ ချီတက်ဆန္ဒပြကြသည်။

တန့်ဆည်ပင်မသပိတ်နှင့် တန့်ဆည်အမျိုးသမီးသပိတ်တို့ ပူးပေါင်း၍ ပြည်သူ လူ ထု အနေဖြင့် လာမည့် သင်္ကြန်ကာလတွင် စစ်ကောင်စီကြောင့် ကျဆုံးခဲ့ရ သော သူရဲကောင်းများ၊ အနာဂတ် စွန့်လွှတ်ထားကြရသော PDF များ၊ အိုးမဲ့ အိမ် မဲ့ ဖြစ်သွားရသော မီးလောင်ပြင်က ပြည်သူများ၊ အကျဉ်းထောင်ထဲတွင် အဖိနှိပ်ခံ နိုင်ငံရေးသမားများ၊ မိသားစုနှင့် ဝေးနေကြရသော လူငယ် နိုင်ငံရေး သမား များကို ကိုယ်ချင်းစာကြကြရန်၊ စစ်ကောင်စီ၏ သင်္ကြန်တွင် မပါဝင် ကြ ရန် တိုက်တွန်းသည်။

စစ်ကောင်စီ စီစဥ်သည့် သင်္ကြန်တွင် ပါဝင်ကြမည့် ပြည်သူ့ဘက် မရပ်တည် သော အနုပညာရှင်များ၊စစ်ကောင်စီနှင့် ပူးပေါင်းသည့် အနုပညာရှင်များကို တော် လှန်ရေးအတွင်းရော တော်လှန်ရေးအလွန်ကာလမှာပါ ပြတ်ပြတ် သား သား ဆန့်ကျင်ကြရန် တိုက်တွန်းသည်။

တန့်ဆည်မှ ပြည်သူများက “စကစရဲ့သင်္ကြန်မှာ ဖျော်ဖြေကြမယ့် အနု ပညာ ရှင် များအား ကန့်ကွက်ရှုတ်ချပါသည်”၊ “အပျော်လွန် ကြူးတဲ့ သင်္ကြန် မဖြစ်ပါ စေနဲ့ တော်လှန်သင်္ကြန်ပဲဖြစ်ပါစေ တိုင်းပြည်က ခွေးကိုက်ခံ ထားရ တာများ နေပြီ”၊ “စစ်ကောင်စီနဲ့ပူးပေါင်းသည့် အနုပညာရှင် မှန်သမျှ ပြတ်ပြတ် သား သား ဆန့်ကျင်ကြ” စသည့် ဘန်နာများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article