စစ်ကောင်စီ၏ သင်္ကြန်စည်ကားရေးနှင့် မဏ္ဍပ်များ တည် ဆောက် ရေး အတွက် လုပ်ငန်းရှင်များ အလှူငွေ သို့မဟုတ် စပွန်ဆာပေးရန် စစ်ကောင်စီက ဖိအား ပေး
ရန်ကုန်၊ မတ် ၂၀
စစ်ကောင်စီက သင်္ကြန်စည်ကားရေးနှင့် မဏ္ဍပ်များ တည်ဆောက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလှူငွေ သို့မဟုတ် စပွန်ဆာပေးရန် စစ်ကောင်စီက ဖိအားပေးလျက်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်တချို့က ပြောသည်။
“အနည်းဆုံး သိန်း ၅၀ လောက်တော့ လှူပေးပါ။ လူကြီးတွေက ဒီနှစ်စည် ကား အောင် လုပ်ခိုင်းထားလို့ ဘတ်ဂျက်လည်း ချမပေးလို့ ကူညီပါ ဆိုပြီး ဖုန်း ဆက် လာတယ်။ မလှူရင် မကူညီရင်လည်း ဒုက္ခကို ပုံစံမျိုးစုံနဲ့ ပေးတော့ မှာဆို တော့ မရှိ ရှိတာ ထုတ်ပြီး ပေးရတာပဲ” ဟု ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက စီစဉ်နေသည့် သင်္ကြန်စည်ကားရေအတွက် ရန်ကုန်တိုင်းတွင် စက်မှု ဇုန်များ အလိုက် အလုပ်သမားများကို ရေပက်ခံခိုင်းခြင်း၊ သွားရောက် လည်ပတ်စေခြင်းများ လုပ်ဆောင်ရန် ယမန်နှစ်ကလည်း ဖိအားပေးမှုများ၊ စာထုတ် ညွှန်ကြားမှုများ ရှိရာ ယခုနှစ်တွင်လည်း ယင်းကဲ့သို့ စာထုတ် ညွှန် ကြား မည်ကို လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
“အခုက ဘာပွဲလုပ်လုပ် စက်မှုဇုန်တွေဆီကနေ လူဘယ်နှစ်ယောက်လာပါ။ ပေးပါ။ လူရှာရတာ တစ်လုပ်၊ အဲဒီလူတွေ သွားဖို့လာဖို့ စားဖို့ စီစဉ်ပေးရတာ စရိတ်က တစ်ခါ ထုတ်ရ။ အတော်လည်း စိတ်ပင်ပန်းရတယ်။ သူတို့ခိုင်းတာ မလုပ်ပေးရင်လည်း မရဘူး။ ပြဿနာရှာခံရနဲ့။ မီးကျတော့ မှန်မှန်မပေးဘူး။ တစ်နေ့လုံးမှ ၄ နာရီလောက်ပဲရတယ်။ ရတဲ့ ၄ နာရီတောင် လာချင်သလို လာ ပျက်ချင်သလို ပျက်။ တကယ့်ကို လူမိုက်လို ရန်ရှာခံနေရတာပါ” ဟု ဒဂုံမြို့သစ်တောင်ပိုင်းစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဝန်ကြီးဌာနများတွင် သင်္ကြန်စည်ကားရေးအတွက် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး ထွက်ရန် လုပ်ဆောင်နေပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ဝန်ထမ်း များကို ယခုနှစ်သင်္ကြန်တွင် Dancer၊ Kpop၊ DJ အတီးအကအဆိုများဖြင့် ဖျော် ဖြေရန် နေပြည်တော်တွင် အပြင်းထန်လေ့ကျင့်ခိုင်းနေကြောင်း၊ အခြားတစ်ဖက် တွင်လည်း စသုံးလုံး၊ ရဲနှင့် ထွေအုပ်တို့က စီးပွားရေးလုပ်ငန်းရှင်များကို မဏ္ဍပ် စပွန်ဆာနှင့် အလှူငွေများပေးရန် ဖိအားပေး ခိုင်းစေနေကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင် ဝန်ကြီးဌာနပေါင်းစုံ သင်္ကြန်အဖြစ် ပြည်သူ့ရင်ပြင်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မဏ္ဍပ်များကို စတင် တည်ဆောက်လျက်ရှိကြောင်း သိရှိရ သည်။
ဓာတ်ပုံ- ယခုနှစ်သင်္ကြန်အတွက် ပြည်သူ့ရင်ပြင်တွင် မဏ္ဍပ်များ ဆောက်လုပ် နေစဉ်။
Ok we will trade for A tar thingyan