25 C
Yangon

တောင်ပိုင်းတိုင်း၊ စစ်ဒေသခွဲ ၃ တွင် လက်နက်ကြီးမွမ်းမံ သင် တန်းဆင်းပွဲကျင်းပ

Must read

တောင်ပိုင်းတိုင်း၊ စစ်ဒေသခွဲ ၃ တွင် လက်နက်ကြီးမွမ်းမံ သင် တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ မတ် ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ တွင် (PDF) စစ်ကြောင်း ၉ ကြောင်းမှ ရဲဘော်များတက်ရောက်သော လက် နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်း ဆင်းပွဲကို ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF စစ်ကြောင်းများမှ ရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ အကြမ်းဖက် အာဏာရှင် စနစ်ဆန့်ကျင်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများအား ဦးညွှတ်အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် ၄ ချက်အား ရွက်ဆိုခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အခုလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လက်နက်ကြီးနဲ့ သက်ဆိုင်တဲ့ ခဲယမ်းတွေကို ကိုင်တွယ်အသုံးပြုမှုအတွက် မွမ်းမံသင်ကြားခွင့်ရတဲ့အတွက်ပူးတွဲစစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ စစ်ကောင်စီ ၏ ထောက်တိုင်တွေကို ချေမှုန်းတဲ့အခါမှာ တိတိကျကျ ချေ မှုန်းနိုင်မှာဖြစ်လို့ တာဝန်ရှိ သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်း ရဲ ဘော် ၁ ဦး မှ ပြောကြားသည်။

အဆိုပါ သင်တန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဒေါနစစ်ကြောင်းတို့ ပူးပေါင်းသင်ကြားပေးခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အ မှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် PDF စစ် ကြောင်း ၉ ကြောင်းမှ ရဲဘော်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအ နေဖြင့် တောင်ပိုင်းစစ်ဒေသ၊ စစ် ဒေသခွဲ အမှတ် ၃ တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စစ်ဆင်ရေးဆောင်ရွက်သည့်အခါ နိုင်ငံတကာ လူသား ချင်းဆိုင်ရာ ဥပဒေ(IHL) သင် တန်းများ သင်ကြားပေးခြင်း၊ လက်နက်၊ ခဲယမ်းများ တပ်ဆင်ဖြည့်ဆည်း ပေးခြင်း၊ လက်နက်ကြီး သင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်း၊ ပြည်သူကာကွယ်ရေးတပ်မတော် ရဲဘော်များ ၏ တိုက်ခိုက်ရေးစွမ်းရည် အရှိန် အဟုန်တိုးမြင့်စေရန်အတွက် မွမ်းမံသင်တန်းများကို အဆက်မပြတ် လေ့ကျင်သင်ကြားပေးခြင်း၊ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်များနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်ကောင် စီ၏ သုံးပန်း များကို လူသားချင်းစာနာထောက်ထားမှုဖြင့် ဆေးကုသပေးရန်အတွက် စစ်မြေပြင်ဆေးတပ်သား သင် တန်းကို သင်ကြားပေးခြင်း စသည့် သင်တန်းများပို့ချလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article