31 C
Yangon

မတ္တရာမြို့နယ်၊ ပိုဝရွာကို စစ်ကောင်စီက ဒုတိယအကြိမ်ဝင်ရောက်မီးရှို့နေ

Must read

မတ္တရာမြို့နယ်၊ ပိုဝရွာကို စစ်ကောင်စီက ဒုတိယအကြိမ်ဝင်ရောက်မီးရှို့နေ

ရန်ကုန်၊ မတ် ၂၂

မန္တလေးတိုင်း၊မတ္တရာမြိုနယ် ပိုဝမြောက်ရွာကို အကြမ်းဖက်စစ်တပ်မှ ယနေ့ မတ်လ၂၂ နံနက် ၅ နာရီအချိန်မှ စတင်ဝင်ရောက်၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်သည် မတ္တရာမြို့မှ အင်အား ၁၀၀ ဝန်းကျင်နှင့် စစ်ကြောင်းထိုးလာပြီး ပိုဝမြောက်ရွာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပိုဝမြောက်ရွာကို ဝင်ရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကိုလည်းအခုလို မီးရှို့ခဲ့တာ။ ပိုဝရွာကို အခုအကြိမ် မီးရှို့တာနဲ့ဆို နှစ်ကြိမ်မြောက် မီးရှို့တာဖြစ်တယ်” ဟုလည်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းထိုးနေခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအပါအဝင် အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိသည့် ပိုဝမြောက်ရွာမှ ဒေသခံများ အရေးပေါ် စစ်ကြောင်းရှောင်နေကြ‌ကြောင်း၊ စစ်ကောင်စီဝင်များသည် ပိုဝမြောက်ရွာမှ လက်ရှိအချိန်အထိ ထွက်ခွာသွားခြင်း မရှိသေးသည့်အတွက် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မသိရှိနိုင်သေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article