28 C
Yangon

မြန်မာနိုင်ငံတွင် ပထမဆုံး အလွန်ဝမ်းနည်းဖွယ်ကောင်းသည့် လူကုန်ကူးမှုအန္တရာယ် စိုးရိမ်စရာ အဆင့်ဖြစ်နေပြီး ကုလ သမဂ္ဂ အေဂျင်စီများ၊ဒေသတွင်း အဖွဲ့အစည်းများက ထိရောက်စွာဖြေရှင်းပေးရန် ဦးကျော်မိုးထွန်း မေတ္တာရပ်ခံ

Must read

မြန်မာနိုင်ငံတွင် ပထမဆုံး အလွန်ဝမ်းနည်းဖွယ်ကောင်းသည့် လူကုန်ကူးမှုအန္တရာယ် စိုးရိမ်စရာ အဆင့်ဖြစ်နေပြီး ကုလ သမဂ္ဂ အေဂျင်စီများ၊ဒေသတွင်း အဖွဲ့အစည်းများက ထိရောက်စွာဖြေရှင်းပေးရန် ဦးကျော်မိုးထွန်း မေတ္တာရပ်ခံ

ရန်ကုန်၊ မတ် ၂၂

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည့် လူကုန်ကူးမှုအန္တရာယ်နှင့် ကြုံတွေ့နေရပြီး စိုးရိမ်ရသည့် အခြေသို့ ရောက်ရှိနေသ ဖြင့် နိုင်ငံတကာ အသိုက်အဝန်း၊ သက်ဆိုင်ရာကုလသမဂ္ဂအေဂျင်စီများ၊ဒေသတွင်းအဖွဲ့အစည်းများအနေဖြင့် အနီး ကပ်မျက်ခြေမပြတ်စောင့်ကြည့်ကာ အလေးအနက်ထား၍ ထိရောက်စွာ ဖြေရှင်းပေးပါရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံပြောကြားသည်။

မတ်လ ၂၀ ရက်နေ့က အမေရိန်ကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂ မူး ယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးမှ ဦးဆောင်ပြုလုပ်သော “၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူကုန်ကူးမှုဆိုင်ရာ အစီ ရင်ခံစာအား မိတ်ဆက်သည့် အထူးအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း မေတ္တာ ရပ်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတရားဥပဒေစိုးမိုးရေးလုံးဝဥဿုံပျက်စီး သွားစေရန် စစ်အုပ်စုက လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများနှင့် မိန်း ကလေးငယ်များသည် လူကုန်ကူးမှုအန္တရာယ်နှင့် ကြုံတွေ့ရန် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလျက်ရှိပြီး အချို့မှာ လူ ကုန်ကူးမှု၏ သားကောင်များ ဖြစ်နေရကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံရာနယ်မြေ အဖြစ် အာဏာ သိမ်းအကြမ်းဖက်စစ်တပ်က ဖန်တီးပေးလျက်ရှိကြောင်း သံ အမတ်ကြီးဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများအား တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းချခြင်း၊ သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လူနေအိမ်များ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့ကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အချိတ်အဆက်မိစွာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်၏ လုပ်ဆောင်မှုများကြောင့် ၁ ဒ သမ ၆ သန်းခန့်သော ပြည်သူများမှာ ပြည်တွင်း နေရပ်စွန့်ခွာသူများ ဖြစ်ပေါ်လျက်ရှိပြီး ၁၇ ဒသမ ၆ သန်းကျော်သော ပြည်သူများမှာ လူသားချင်း စာနာထောက်မှုအကူအညီများကို အ ထူးလိုအပ်လျက်ရှိကြောင်း၊ နို်ငငံလူဦးရေ၏ ထက်ဝက်ခန့်မှာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်သို့ ရောက်ရှိနေ သည်ဟု ဆိုသည်။

ထိုအခြေအနေသည် မြန်မာသမိုင်းတွင် ပထမဆုံးဖြစ်ပြီး အ လွန်ဝမ်းနည်းဖွယ်ကောင်းသဖြင့် နိုင်ငံတကာ အသိုက်အဝန်း၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများနှင့် ဒေသတွင်းအဖွဲ့အစည်းများအနေဖြင့် အနီး ကပ်မျက်ခြေမပြတ်စောင့်ကြည့်ကာ အလေးအနက်ထား၍ ထိရောက်စွာဖြေရှင်းပေးပါရန် မေတ္တာရပ်ခံပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article