29 C
Yangon

သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာတွင်လည်း စစ်တပ် တပ်စွဲထားသောနေရာကို ဝင်ရောက် တိုက်ခိုက်

Must read

သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာတွင်လည်း စစ်တပ် တပ်စွဲထားသောနေရာကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစု(TPDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့မတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စကခ ၈ ရှေ့တန်းစခန်းကို KNLA၊ PDF၊ KRF နှင့် TPDF Drone ယူနစ်တို့ ပူးပေါင်းကာ ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်​ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပိန္နဲတောစခန်းကတော့ ပြန်မပစ်ဖူးဗျ၊ သူ့ဘေးမှာရှိတဲ့ လှုပ်ရှားတပ်ခွဲကတော့ လက်နက်ငယ်တွေနဲ့ ပြန် ပစ်တာရှိတယ်၊ ဒါလဲအချက်ရေနည်းနည်းလောက်ပဲ ပြန်ပစ်တာ၊ ဒရုန်းနဲ့ချတာဆိုတော့ သူတို့ရှိတဲ့နေရာ သိမှာစိုးလို့ထင်တယ်၊ ကျနော်တို့ကလည်း သူတို့ရှိတဲ့နေရာတွေ့ရင် ထပ်ချမှာပါ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး” ဟု သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစု(TPDF) မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့​ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ မုံရွာနတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့နယ် လယ်ဇင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း၂၂ မုံရွာနတ်ဆိုး တပ်ရင်းနှင့် မုံရွာခရိုင် တပ်ရင်း၂၄ Monywa Ranger Group Truth Army တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ မုံရွာနတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article