26 C
Yangon

ပြည်ကြီးတံခွန်မြို့နယ်တွင် ယာယီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ တန့်ဆည်တွင် ရဲတပ်သား တစ်ဦး ခွေးရူးပြန် ရောဂါဖြင့် သေဆုံး

Must read

ပြည်ကြီးတံခွန်မြို့နယ်တွင် ယာယီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ တန့်ဆည်တွင် ရဲတပ်သား တစ်ဦး ခွေးရူးပြန် ရောဂါဖြင့် သေဆုံး

ရန်ကုန်၊ မတ် ၂၄

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ညည (၂၂)ရပ်ကွက်တွင် နေထိုင်သည့် ယာယီ ရပ်ကွက်လူကြီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Urban Guerrilla Force-MDY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ညည (၂၂)ရပ်ကွက်၊ ၅၇(B)လမ်း၊ ၁၁၉လမ်းx ၁၂၀ လမ်းတွင် နေထိုင်သော ယာယီ ရပ်ကွက်လူကြီး ဒေါ်ညွန့်ညွန့်ရွှေကို UG အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဒေါ်ညွန့်ညွန့်ရွှေသည် ပြည်သူများကို အတင်းအကျပ် ဧည့်စာ ရင်း တိုင်ခိုင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ အကြောင်းကိစ္စ တစ်ခုခု ဖြစ် တိုင်း စစ်သားများအား ဖုန်းဆက်ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း များ ပြုလုပ်ခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းကြောင်း Urban Guerrilla Force-MDY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Urban Guerrilla Force-MDy နှင့် Ranger Urban Guerrillas-RUG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမ နယ်မြေရဲစခန်းမှ ပျူစောထီး ခေါင်းဆောင်၏ သားမက်ဖြစ်သူ ရဲတပ်သားတစ်ဦး ယနေ့နံနက်ပိုင်း ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသောရဲကို ယနေ့နေ့လယ် ၁၂နာရီခန့်တွင် ကံထူးမနယ်မြေ ရဲစခန်းနှင့် မီးသတ်ရုံးကြားရှိ မြေကွက်လပ်တစ်နေရာတွင် အမိန့်ပြန်တမ်း ရွတ်ဆို၍ သေနတ်ပစ်ဖောက် ‌သင်္ဂြိုလ်ကြကြောင်း မျက်မြင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“သေသွားတဲ့ရဲက သေသွားတဲ့ ပျူခေါင်းဆောင်ရဲ့ သမက်ပါ။ ဟိုတလောက လည်း ခွေးရူးအကိုက်ခံလိုက်ရတယ်။ အဲ့က‌တည်းက ရူးသလိုဖြစ်နေတယ် လို့ကြားတယ်။ ဒီနေ့ကျတော့ အရက်နာကျပြီး သေရော။ သူ့စရိတ်သူယူတာ”ဟု ‌ပြောသည်။

အဆိုပါရဲတပ်သားသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလကတည်းက သတ်ဖြတ်ခံခဲ့ ရသော ပျူစောထီးခေါင်းဆောင် ရဲမြင့်၏ သမက်ဖြစ်ပြီး ၂၀၂၂ခုနှစ် ဒီဇင် ဘာလ ၁၂ ရက်နေ့ကတည်းက ခွေးရူးကိုက်ခံရပြီးနောက် ကျန်းမာရေး‌ မကောင်း ဖြစ် နေခဲ့ကြောင်း၊ အရက်အသောက်များသဖြင့် အရက်နာကျပြီး သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း ဖရဲသီးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

ဓာတ်ပုံ- ယာယီ ရပ်ကွက်လူကြီး ဒေါ်ညွန့်ညွန့်ရွှေ ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article