Breaking News- မြ၀တီမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရ
ရန်ကုန်၊ မတ် ၂၅
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအစောပိုင်း တိုက်ပွဲများဖြစ် ပွားပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကာ မြ၀တီမြို့ တွင်းအထိ တိုက်ပွဲများ ကူးစက်လာမည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်၊ မဲကနယ်၊ ၂၇၅ တပ်ကများ လက်နက်ကြီး၊ လက် နက်ငယ်များက ပစ်ခတ် လျက် ရှိကြောင်း၊ တိုက်ပွဲဖြစ်သွားနေသည့် အဖွဲ့များနှင့် အသေးစိတ် အခြေ အနေများ မသိရှိရသေး ဟု ဒေသပြည်သူများက ဆိုကြသည်။
“မနေ့က မြဝတီမြို့နယ် ညမထွက်ရ အမိန့် ကြေညာတယ်။ ဒီနေ့ မနက် တိုက်ပွဲ ဖြစ်တယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေကြားနေရတယ် ။ သင်္ကန်း ညီနောင် ၊ မဲကနယ် ၊ ၂၇၅ တပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပါတယ်။ PDF ဘက်က Drones တွေပျံသန်းတာကို မြင်လိုက်ရတယ်။ လက်နက်ကြီး၊ လက်နက် ငယ်သံတွေနဲ့ မြို့ကို တုန်ခါနေရောပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- ယမန်နှစ် မြ၀တီမြို့ကို BGF နှင့် စစ်တပ်က လုံခြုံရေး လှည့်လည် နေ ကြ စဉ်။