38 C
Yangon

အမေရိကန်အစိုးရက စစ်ကောင်စီအတွက် လေယာဉ်ဆီဝယ်ယူပေးနေသည့် ကုမ္ပဏီ ၆ ခုနှင့် မင်းအောင်လှိုင်၏ စီးပွား မိတ်ဖက် ခရိုနီ ၂ ဦးကို ဒဏ်ခတ်အရေးယူ

Must read

အမေရိကန်အစိုးရက စစ်ကောင်စီအတွက် လေယာဉ်ဆီဝယ်ယူပေးနေသည့် ကုမ္ပဏီ ၆ ခုနှင့် မင်းအောင်လှိုင်၏ စီးပွား မိတ်ဖက် ခရိုနီ ၂ ဦးကို ဒဏ်ခတ်အရေးယူ

■ စစ်ကောင်စီ၏ အဓိက ဝင်ငွေရလမ်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ရန် အမေရိကန် ပျက်ကွက်နေဆဲ

ရန်ကုန်၊ မတ် ၂၅

ပြည်သူများကို တိုက်လေယာဉ်များဖြင့် ဗုံးကျဲ သတ်ဖြတ်နေသော စစ်ကောင်စီ အတွက် လေယာဉ်ဆီ ဝယ်ယူပေးနေသည့် ကုမ္ပဏီ ၆ ခုနှင့် ခရိုနီ ၂ ဦးကို ဒဏ် ခတ် အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးနေသည့် ASIA SUN GROUP ၊ ASIA SUN TRADING CO. LTD ၊ CARGO LINK PETROLEUM LOGISTICS CO. LTD ၊ STAR SAPPHIRE GROUP OF COMPANIES ၊ STAR SAPPHIRE TRADING COMPANY LIMITED နှင့် စင်ကာပူ အခြေစိုက် STAR SAPPHIRE GROUP PTE. LTD ကုမ္ပဏီ ၆ ခုဒဏ်ခတ် ပိတ်ဆို့ အရေးယူကြောင်း ကြေညာကြောင်း သိရှိရသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ငွေကြေးခဝါချမှု ၊ မူးယစ်ဆေးဝါး အမှုများဖြင့် ဖမ်းဆီးခံ ထားရသော ထွန်းမင်းလတ်နှင့် မိန်းမ ဝင်းမင်းစိုး တို့ကိုလည်း အမေရိကန်က ပိတ်ဆို့ အရေးယူကြောင်း၊ ထွန်းမင်းလတ်သည် မင်းအောင်လှိုင်၏ အဓိက စီး ပွား မိတ်ဖက်ဖြစ်ပြီး ထွန်းမင်းလတ်ထံမှ မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ ဘန်ကောက်ရှိ ကွန်ဒိုတိုက်ခန်း ဝယ်ယူထားမှု မှတ်တမ်း၊ မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ ဘဏ်အကောင့်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန် ထိုးနှက် တိုက်ခိုက်နေသည့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း ကို တာဝန်ယူမှု တာဝန် ခံမှု ရှိစေရန်အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင် လျက် ရှိ ပါသည်။ ယနေ့တွင် လူပုဂ္ဂိုလ်နှစ်ဦးနှင့် လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို မိမိတို့ အရေးယူသတ်မှတ်မှုများ ပြုလုပ်မည်ဖြစ်သည်။ အာဏာရှင်အဖွဲ့အစည်း သည် မြန်မာပြည်သူများကို နာကျင်မှုနှင့် အတိဒုက္ခများသာ ဆက်လက်ပေးအပ် လျက်ရှိပါသည်။ ယနေ့မိမိတို့ အရေးယူဆောင်ရွက်မှုများသည် ကနေဒါ၊ ဥရောပ သမဂ္ဂ နှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ အရေးယူမှုများအတိုင်း ထပ်တူဖြစ်စေရန် ဆောင် ရွက်ခြင်းဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူ များကို အားပေးထောက်ခံသွားရန် သံန္နိဋ္ဌာန်ချထားပြီး အထက်ဖေါ်ပြပါ ကြမ်းကြုတ် ရက်စက်မှုများကို ကျူးလွန်ရာတွင် အာဏာရှင်အဖွဲ့အစည်းက အသုံးပြု သော အရင်းအမြစ်များကို ဖြတ်တောက်သည့် အရေးယူမှုများ ဆက် လက် ဆောင်ရွက်သွားပါမည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့ရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာပြည်သူများက တောင်း ဆို နေသော စစ်ကောင်စီ၏ ဝင်ငွေရလမ်း မြန်မာ့ရေနံနှင့်သဘာ၀ဓာတ် ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့ အရေးယူရန် ပျက်ကွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထွန်းမင်းလတ်နှင့် မင်းအောင်လှိုင်တို့ကို ၂၀၁၉ ခုနှစ် ဘန်ကောက် လက်နက်ပြပွဲတွင် အတူတွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article