ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် စစ်ကောင်စီတပ်များ တပ်စွဲထားသော တိုင်းရင်း ဆေးရုံ ဝင်းအတွင်းသို့ PDF ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွှု် ၄၀ မမ ဗုံးသီး လက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ရေဦးမြို့နယ် တိုင်းရင်းဆေးရုံဝင်းအတွင်းတွင် စစ်ကောင်စီတပ်များက တပ်စွဲ ထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယင်းဆေးရုံဝင်းအတွင်းတွင် ဆေးကုသူ မရှိသကဲ့သို့ တိုင်းရင်းဆေးဆရာများလည်း မရှိတော့ကြောင်း၊ ယနေ့ ဖေဖော် ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ရေဦးမြို့နယ် PDF၊ ပကဖ နှင့် ဒေသတော်လှန်ရေးအဖွဲ့ခွဲတို့ပူးပေါင်းပြီး ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ စစ်သားများ သေဆုံးထိခိုက်မှု အခြေအနေ မသိရှိရ သေး ကြောင်း ရေဦးပကဖ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆေးရုံများ၊ စာသင်ကျောင်းများ၊ဘုရား စေတီများနှင့်ဘုန်းကြီးကျောင်းများတွင် တပ်စွဲ၍ အများပြည်သူကို ဖမ်းဆီး ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
Video Credit- ဇွဲဝေယံစိုး Facebook ။