အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၃၁
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “အရေးပါချင်လို့ အညီမညွတ်ဖြစ်နေတာပါ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေရင် တန်ဖိုးရှိပါတယ်။ လူတိုင်းလူတိုင်း သူ့တန်ဖိုးနဲ့သူရှိပါတယ်။ ကိုယ့်တန်ဖိုးကို ယုံကြည်နိုင်အောင်နေကြပါ။ ကိုယ့်တန်ဖိုးကို သိရင် အချင်းချင်း ညီညွတ်ကြပါလိမ့်မယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။