Khit Thit သတင်းဌာန၏ ဧပြီ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ပရီမီယံဒီဇယ် နဲ့ ဒီဇယ်ဆီတွေ စတင်ပြတ်တောက်နေပြီး ၊ အကန့်အသတ်နဲ့သာ အလုအယက်ဝယ်နေရတယ်လို့ စီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
– စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာက ပြည်သူ ၆ဦးကို အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၃၃ က ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီးတော့ မူးမြစ်ထဲမှာ အလောင်းတွေ စွန့်ပစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် နဲ့ ဒေသခံ ပြည်သူတွေက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်ရုံးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင် စစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က၃ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။