30 C
Yangon

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စွပ်စွဲ

Must read

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စွပ်စွဲ

ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်၊ ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စွပ်စွဲ ပြောဆိုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ် ၃၁ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ခရမ်းမြို့နယ်၊ ဒေပေါက်ကျေးရွာနှင့် စွယ်တော်ကွင်းကျေးရွာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်က စစ်ဆေးရေး လုပ်ဆောင်နေစဥ် ဆိုင်ကယ် စီးနင်းလာသည့် ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ် စီးလာတဲ့ ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ပြီး PDF လို့ စွပ်စွဲတာ ဘာမှ ဖမ်းဆီး မေးမြန်းတာလဲ မရှိဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article