29 C
Yangon

မင်းလှမြို့နယ် အရှေ့ဘက်ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု စစ်သား ၁ ဦးသေ

Must read

မင်းလှမြို့နယ် အရှေ့ဘက်ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု စစ်သား ၁ ဦးသေ

ရန်ကုန်၊ ဧပြီ ၁

ပဲခူးတိုင်း ၊ မင်းလှမြို့နယ် အရှေ့ဘက် ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မတ်လ ၃၁ ရက်‌နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝင် ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များထံမှ သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းလှမြို့နယ် အရှေ့ဘက်ရိုးမအတွင်းသို့ စစ် ကြောင်း နှစ်ကြောင်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတည်နေရာသို့ စစ် ကြောင်း ထိုး ထိုးဖောက်ဝင်ရောက်စဉ် ရင်ဆိုင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မင်းလှ PDF က ပြောသည်။

မင်းလှမြို့နယ်အခြေစိုက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်၊ တပ်ခွဲ ၃ နှင့် ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဝင် ၁ ဦးသေပြီး ပြန်လည်ဆုတ်ခွာသွား ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ စစ်ဆင်ရေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article