Khit Thit သတင်းဌာန၏ ဧပြီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ လူယုံ လက်စွဲ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဆိုသူဟာ အူမကြီး ကင်ဆာ ခံစားနေရ ပြီး ၊ ရုရှား-မြန်မာ ဘွဲ့အပြန်အလှန်ပေးအပ်ပွဲမှာ ဆုချီးမြှင့်တဲ့ အမိန့်စာ ကိုလည်း တက်ရောက် ဖတ်မပေးနိုင်တော့ဘဲ စိုးထွဋ် ကိုယ်စား ပြည်ထဲရေး ဒုဝန်ကြီး တိုးရီကသာ ဆောင်ရွက်ပေးရ တယ်လို့ ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုပါတယ်။
– ကရင်နီ – ကယားပြည်နယ်မှာ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၈၁ ဦးသေသွားပြီး ၊ ၁၃ ဦးအရှင် ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဆီကနေ သိရပါတယ်။
– ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေမှာ မတ်လ တစ်လ အတွင်း တိုက်ပွဲတွေထဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၉၂ ဦးသေသွားသလို ၊ KNLA ရဲဘော် ၄ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။