30 C
Yangon

စစ်ကောင်စီက ပိုမို ရက်စက်ကြမ်းကြုတ်တော့ မည်ဖြစ်၍ ပြည်သူ များ သတိ ဖြင့် နေကြရန် NUG သမ္မတက လူထုကို သတိပေး

Must read

စစ်ကောင်စီက ပိုမို ရက်စက်ကြမ်းကြုတ်တော့ မည်ဖြစ်၍ ပြည်သူ များ သတိ ဖြင့် နေကြရန် NUG သမ္မတက လူထုကို သတိပေး

■ “သူတို့ ဘ၀ကောင်းစားဖို့ သာကြည့်တဲ့ လူလို့မမြည်တဲ့ လူတစ်စုကို ကျူပင် ခုတ် ကျူငုတ်ပါ မကျန် ရှင်းလင်းပစ်ဖို့ ကျနော်တို့ ကြိုးစားနေကြတာ”ဟု မိန့် ခွန်းပြော

ရန်ကုန်၊ ဧပြီ ၄

အင်အားရော စိတ်ဓာတ်ပါ ချွတ်ချုံကျ ချိနဲ့လာတဲ့ အာဏာလု စစ်ကောင်စီ အနေနဲ့ တစ်ဆင့်ထက်တစ်ဆင့် ပိုပြီး ရက်စက်ကြမ်းကြုတ်တော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတက လူထုကို သတိပေးပါတယ်။

ဒီနေ့ ဧပြီ ၄ ရက်နေ့ မနက် ၁၀နာရီမှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ ၁၃ ကြိမ် မြောက် အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြား လိုက် တာဖြစ်ပြီး အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေ တက်ခဲ့ကြပါတယ်။

အကြမ်းဖက် စစ်ကောင်စီနဲ့ စစ်ရာဇဝတ်ခေါင်းဆောင်တွေဟာ အဘက်ဘက်က ကျဆုံးရှုံးနိမ့်ပြီး အင်အားအချိနဲ့ဆုံး ရင်ဆိုင်နေရချိန် သွေးရူး သွေးတန်းလုပ် ကိုင်ပြောဆိုတာ ပိုထင်ရှားလာနေတယ်လို့ ဆိုပါတယ်။

“ပြည်သူများအနေနဲ့ သတိကြီးကြီးထားပြီး နေထိုင်ကြပါလို့ ကျနော်အနေနဲ့ ပြောလိုပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

စစ်ကောင်စီရဲ့ “အင်အား အချိနဲ့ဆုံးအချိန်” လို့ ယာယီသမ္မတက အချက် ၃ချက်နဲ့ထောက်ပြခဲ့ပါတယ်။

လူထုက နည်းမျိုးစုံ ဆန့်ကျင်တာ၊ တော်လှန်ရေးအင်အားစုတွေ ခိုင်မာအား ကောင်းလာတာနဲ့ ဌာနစုံ ဝန်ထမ်းတွေ အာဏာဖီဆန်သလို တပ်တွင်း CDM အရေအတွက် တစ်နေ့ထက်တစ်နေ့ပိုတိုးလာနေကို ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း လူထုအနေနဲ့ ကျပ်ငွေတန်ဖိုး တဇွတ်ထိုးကျနေတာ၊ ပြည်တွင်း ထုတ်လုပ်မှု ကျဆင်းလာတာကြောင့် လူထုဘဝ တစ်နေ့တခြား စီးပွားရေးကျပ်တည်းလာတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ ကျပ်ငွေတန်ဖိုး အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ် ရင် ၃၁ ရာခိုင်နှုန်းနီးပါး ကျဆင်းသလို ၂၀၂၁ နဲ့နှိုင်းယှဉ်ရင် ပြည်တွင်းအသား တင်ထုတ်လုပ်မှု ၁၈ရာခိုင်နှုန်းအထိကို နိမ့်ဆင်းလာပါတယ်။

“လက်တစ်ဆုပ်စာ သူတို့ဘ၀ကောင်းစားဖို့သာကြည့်တဲ့ လူလို့မမြည်တဲ့ လူတစ်စုကို ကျူပင်ခုတ် ကျူငုတ်ပါ မကျန် ရှင်းလင်းပစ်ဖို့ ကျနော်တို့ အဖက်ဖက်က ကြိုးစားနေကြတာ” လို့ ယာယီသမ္မတက ဆိုပါတယ်။

တစ်ဖက်မှာလည်း လူမျိုးစုခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီ ရဲ့ အာဏာတည်မြဲရေး သပ်လျှိုမှုတွေကို သတိကြီးကြီးထားကြဖို့ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒေသလူထု ခံစားနေရ၊ ခံစားခဲ့ရတဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို သတိရ ပြီး လူထုမျက်နှာကို ပြန်ကြည့်ဖို့၊ အာဏာ၊ ကိုယ်ကျိုးထက် သိက္ခာရှိရှိနဲ့ ကိုယ့်ဒေသလူထုရဲ့အကျိုးကို ကာကွယ်ပေးကြဖို့ ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article