26 C
Yangon

ရေတာရှည်၊ နှောပင်ကျေးရွာအနီးတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀ လုံး ကျော် ကျဲချ၊ စစ်ကြောင်း အချင်းချင်း မှားယွင်း ပစ်ခတ်၍ စစ်သား ၃ ဦးသေဆုံး

Must read

ရေတာရှည်၊ နှောပင်ကျေးရွာအနီးတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀ လုံး ကျော် ကျဲချ၊ စစ်ကြောင်း အချင်းချင်း မှားယွင်း ပစ်ခတ်၍ စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောင်ပင်ကျေးရွာအနီးတွင် စစ်တပ်က လေ ယာဉ် ဖြင့် ဗုံး ၁၀ လုံးထက် မနည်းကျဲချခဲ့ကြောင်း KNU သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆို ကြသည်။

ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ရေတာရှည်မြို့နယ်၊ နှောပင်၊ ရွှေသောင်ဘက်တွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း ၊ ပထမအကြိမ်တွင် ဗုံး ၃ လုံး၊ ဒုတိယအကြိမ်တွင် ဗုံး ၅ လုံး၊ တတိယအကြိမ်တွင် ဗုံး ၄ လုံး ကျဲချသွား ကြောင်း၊ အထိအခိုက်အပျက်အစီး မသိရှိရသေး ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဒီနေ့ရေတာရှည်မြို့နယ် နှောပင် ရွှေသောင်ဖက်မှာ စစ်တပ်က လေယဉ် နဲ့ ဗုံးလာကျဲသွားတယ်။ အထိခိုက်တော့မသိရသေးဘူး။ သူတို့ ဗုံးကျဲ ပစ် နေတာ ကို အစအဆုံးမြင်နေရတယ်။ စစ်ခွေးတွေက အရမ်းယုတ်မာနေတာ။ လေယာဉ် တွေကို နိမ့်နိမ့်လေး နှိမ့်ပြီး ပျံတယ်။ အောက်က လှမ်းပစ်သံကြားတော့ အမြင့် ကို ပျံတက်သွားပြီး ဗုံးကျဲတယ်။ အထိခိုက်မရှိသေးဘူး လို့တော့ကြား နေတယ်။ သေချာတော့ အတည်ပြု မရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြော သည်။

အလားတူ ပဲခူးတိုင်း ရေတာရှည် မြို့နယ် ရွှေတောင် ရွာသစ်ရှိ စစ်ကောင်စီ စခန်းချထားရာ တပ်စွဲနေရာသို့ လာရောက် အင်အားဖြည့်သည့် စစ်ကြောင်း အချင်းချင်း မှားယွင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။

ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရွှေတောင်ရွာသစ် စစ်တပ်စခန်းကို လာ ရောက် ပူးပေါင်းသော စစ်ကူစစ်ကြောင်းကို ရန်သူဟု ထပ်မှတ်ပြီး အချင်း ချင်း မှားယွင်းပစ်ခတ်ကြရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးကြောင်း သိရှိရသည်။

” စစ်ခွေးတွေက အင်အား ၂၀၀ ထက်မနည်းက ကရင်ပြည်နယ် မြသာကုန်း ဘက်မှ ပြန်လည် ဆုတ်ခွာ နေတာ။ တိုက်ပွဲ ဖြစ်ဖို့ နီးစပ်ခဲ့တယ်။ လက်ရှိ အချိန်ထိ တောထဲ က အပြင်ဘက် ရောက်မလာသေးဘဲ ပုန်းခို နေကြတယ်” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article