31 C
Yangon

စစ်ကောင်စီက ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် NUG အစိုးရက တရားဝင် ကြေညာ

Must read

စစ်ကောင်စီက ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် NUG အစိုးရက တရားဝင် ကြေညာ

ရန်ကုန်၊ ဧပြီ ၄

အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်ကို အကြမ်း ဖက် အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ တွင် တရားဝင် ကြေညာသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ NUG ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြေညာစာ ထုတ်ပြန် လိုက်ပြီး ယင်းကြေညာချက်တွင်

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ခံထားရသည့် အကြမ်းဖက်စစ်ကောင်စီကဖွဲ့စည်းထားသော တရားမ ဝင်အဖွဲ့အစည်း ဖြစ်ကြောင်း၊

၂။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်း ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီများအား ဆက်လက် မရပ်တည်နိုင်စေရန် ရည်ရွယ်၍ မတရားသည့် အမိန့်နှင့် ဥပဒေ များ ထုတ်ပြန်ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားပြည်သူအများစု က လုံးဝ လက်ခံ သဘောတူခြင်းမရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား တည်မြဲ စေရန်ဆောင်ရွက်ခြင်း၊ အကြမ်းဖက်စစ်အာဏာရှင် နှင့် ၎င်းတို့အားထောက် ခံသည့် လက်တဆုပ်စာ နိုင်ငံရေးပါတီအချို့အား တရားမဝင် ဖြတ်လမ်း နည်း ဖြင့် အာဏာရရှိစေရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆောင်ရွက်နေခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်း ဖက်မှုလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင် ခဲ့ကြောင်း

၃။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အကြမ်းဖက် စစ်ကောင်စီ က ဖွဲ့စည်း ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အထက်ပါ လုပ်ဆောင်ချက်များသည် အများပြည်သူအတွင်း ထိတ်လန့်မှုများကို ဖြစ်ပေါ် စေရန်၊ ပြည်တွင်း တရားဝင် နိုင်ငံရေး အဖွဲ့အစည်းများအား ဥပဒေနှင့် မညီ သည့် လုပ်ရပ်များကို အတင်းအကျပ်ပြုလုပ်စေရန်နှင့် ဥပဒေနှင့်အညီ ပြုလုပ် ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်၍ အကြမ်းဖက် မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၃) နှင့် ပုဒ်မခွဲငယ်(၁၆) တို့တွင် ဖော်ပြထားသော အကြမ်းဖက်မှုများကို ကျူးလွန် ကြောင်း စိစစ်တွေ့ ရှိရကြောင်း

၄။ ထို့ကြောင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အကြမ်းဖက် စစ် ကောင် စီက ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အကြမ်း ဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း NUG အစိုးရ က တရားဝင် အမိန့် ကြေညာချက် ထုတ်ပြန်သည်။

ဓာတ်ပုံ- စစ်ကောင်စီက ဖွဲ့စည်းထားသော အကြမ်းဖက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ သိန်းစိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article