29 C
Yangon

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပိုင်း၌ ကျိုက်ထိုမြို့နယ် အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီး ကျော်ဆန်းကို KRF အဖွဲ့နှင့် KNU/KNLA တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ကျိုက်ထိုအခြေစိုက် ခမရ ၂ က လက်နက်ကြီးတာဝန်ခံ တပ်ကြပ်ကြီး ကျော်ဆန်းကို စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ပြီး သုတ်သင် ရှင်းလင်းခဲ့ပါတယ်။ ကျွန်တော်တို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော တပ်ကြပ်ကြီး ကျော်ဆန်းထံမှ လက်ထိပ်၊ လက်ပစ်ဗုံး၊ ဆိုင်ကယ်နှင့် ဖုန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article