21.1 C
Yangon

ကန့်ဘလူ၊ အင်းလယ်ကြီးရွာသား ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၂၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီး

Must read

ကန့်ဘလူ၊ အင်းလယ်ကြီးရွာသား ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၂၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာသား ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၅၀ ခန့်မှ ၂ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ခံစားနေရသည့် အသက် ၃၅ နှစ်အရွယ် ကိုဝလီ ကို ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ပြီး အသက် ၆၅ နှစ်အရွယ် ဦးဌေးမောင်ကို လက်ပြန်ကြိုးတုပ်ကာ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ် ၂၀၀ ခန့်ကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အင်းလယ်ကြီးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိသော ကျေးရွာကြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၂ ရက်နေ့၌ ဉာဏ်အင်းရွာအား မီးရှို့ ဖျက်ဆီး ခဲ့ပြီးနောက် ညနေ ၅ နာရီတွင် အင်းလယ်ကြီးရွာသို့ အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ် ဇင်းရွာအနောက်ဘက်အား စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article