31 C
Yangon

သပိတ်ကျင်းတွင် စစ်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ် ကင်းပုန်းက ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

သပိတ်ကျင်းတွင် စစ်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ် ကင်းပုန်းက ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အာရုဏ်ဦးရွာအနီးတွင် စစ်တပ် ယာဥ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ် ဘက်မှ သေဆုံးသူ များပြားကြောင်း တကောင်း ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၅ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်က ထီးချိုင့်မြို့မှ မန္တလေးဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်သား ၈၅ ဦးလိုက်ပါလာသည့် တွဲကား ၃ စီးကို သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ခွေးတွေရမ်းပစ်လို့ သေဆုံးသွားတဲ့အမျိုးသမီးနေရာနဲ့က မတူဘူး၊ ဝေးတယ်၊ ဖြစ်တာက အာရုဏ်ဦးရွာအနီးမှာဖြစ်တာ၊ ပစ်တာက အာရုဏ်ရွာအပြင်ဘက် ကွင်းတောလမ်းခွဲအနီးမှာ ပစ်တာ၊ ရမ်းပစ်တဲ့ကင်းပုန်းက အဲဒီကား ၃ စီးကို လာစောင့်ပေးတာ၊ သူတို့စောင့်နေတာက တစ်နေရာ၊ ကျနော်တို့ တိုက်တာက တစ်နေရာဖြစ်သွားတော့ သူတို့လူတွေ အတိုက်ခံရတယ်ဆိုပြီး ရမ်းပစ်တာ၊ ရမ်း ပစ်တော့ ရွာထဲအထိ ကျည်ရောက်ပြီး ဘာမှမဆိုင်တဲ့ပြည်သူကို ထိတာပေါ့” ဟု တကောင်းပကဖမှ တာ ဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းယာဉ်တန်းကို အာရုဏ်ရွာနှင့် ကွမ်းတော လမ်းအကြားတွင် ကင်းပုန်းဝပ်ကာ လုံခြုံရေး ယူပေးနေ သော အကြမ်းဖက် စစ်တပ် ကင်းပုန်းစစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ပေါ်တွင် ထမင်း ချက်နေသော အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး လည်ပင်းကျည်ထိမှန်ကာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို တွဲကား ၃ စီးဖြင့် တင် ဆောင်ကာ တွင်းငယ် ၁၃ တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article