28 C
Yangon

ရန်ကုန်တိုင်းတွင် ကျေးရွာသားများကို စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး ကင်း စောင့်ခိုင်း

Must read

ရန်ကုန်တိုင်းတွင် ကျေးရွာသားများကို စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး ကင်း စောင့်ခိုင်း

ရန်ကုန်၊ ဧပြီ ၆

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့် တွံတေးမြို့နယ်တို့တွင် ကျေးရွာသားများကို စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်း၍ လုံခြုံမှု အတွက် ကင်းစောင့်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

၂၀၂၃ ခုနှစ် နှစ်ပိုင်းတွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းမှ ကျေးရွာသားတွေကို အကြမ်းဖက်စစ်တပ်က ပျောက်ကြားယူနီဖောင်းတွေ ဝတ်ဆင်ခိုင်းပြီး ကျေးရွာအဝင်အထွက် ဝါးတားဂိတ်တွေမှာ ညဘက် ကင်းစောင်းခိုင်းကြောင်း၊ လက်နက်ထုတ်ပေးခြင်းမရှိဘဲ စစ်ယူနီဖောင်းများ ဝတ်ဆင်စေကာ ကင်းစောင့်ခိုင်းခြင်းဖြစ်သည်ဟု ဒေသပြည်သူက ရှင်းပြသည်။

“ပြည်သူတွေကို စစ်ခွေးတွေက သူတို့ဝတ်စုံတွေ ဝတ်ခိုင်းတယ်။ အဲဒါ လက်နက်တော့ ထုတ်မပေးဘူး။ ကျေးရွာသား ၄ ဦး၊ ၅ ဦး တစ်တွဲဆီကို စစ်တပ်က အတင်းအကျပ်ကင်းစောင့်ခိုင်းနေတာ။ ကင်းမစောင့်နိုင်ရင် ကင်းစောင့်ပေးနိုင်သူငှားရတယ်။ တစ်ဦးကို ကင်းစောင့်ဖိုငှားတာက တစ်ညလုံးအတွက် ၁၅၀၀၀ လောက်အထိ စျေးပေါက်နေတယ်” ဟု လှည်းကူးဒေသပြည်သူက ဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင်လည်း ကျေးရွာသား ပြည်သူများကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ စစ်တပ်က စစ်ဝတ်စုံများ ပေးဝတ်ဆင်စေကာ ကင်းစောင့်ခိုင်းနေကြောင်း သိရှိရသည်။

တွံတေးမြို့နယ်တွင် စစ်တပ်က အရပ်သား ပြည်သူများကို စစ်ဝတ်စုံဝတ် ဆင်စေပြီး ကင်းစောင့်ခိုင်းသည့်အပြင် ကင်းစောင့်သမားများကို PDF ဟု ခေါ်ဆိုကာ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်မှုများလည်းရှိနေသည်။

“ယောင်္ကျားသားမရှိတဲ့အိမ်တွေဆိုရင် မိန်းမပျိုလေးတွေ ၊ သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေက အစ ကင်းထွက်စောင့်ရတယ်။ မစောင့်ရင်လည်း ပေးရမယ့် ငွေက ၂၀၀၀၀ လောက်ပေးရတာ။ တစ်ရက်တည်းငွေပေးလို့ ငွေမျက်နှာမြင်ရလို့ ပြီးသွားမယ့် ကိစ္စလည်း မဟုတ်ဘူး။ အမြဲတမ်း အပတ်စဉ် ကိုယ့်အလှည့် ပြန်ကျနေတော့ မစားသာပါဘူး။ နောက်တစ်ခါ ဟိုတလောက ကင်းစောင့် အမျိုးသမီးကို ပစ္စည်းလာခိုးတဲ့ စစ်သားက ပစ်သတ်လိုက်တဲ့ ကိစ္စမျိုး တွေလည်းဖြစ်နေတယ်။ စစ်တပ်က ပြည်သူကို ကင်းစောင့်ခိုင်းတယ်။ နောက် ပြီး ကင်းစောင့်နေတဲ့ ပြည်သူကိုပဲ စစ်တပ်က ပြန်ပစ်သတ်တယ်။ အဲဒီလို အခြေအနေပါ” ဟု တွံတေး ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ရန်ကုန်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုသော အဖွဲ့အသစ်များကိုလည်း စစ်ကောင်စီက ထပ်မံ ဖွဲ့စည်းလျက်ရှိပြီး ယင်းအဖွဲ့များကိုမူ လက်နက် တပ်ဆင် ပေးထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article