27 C
Yangon

မင်္ဂလာဒုံလေတပ်ကို တော်လှန်ရေးအဖွဲ့ ၃ ခု ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တပ်တွင်း သင်္ကြန်ပွဲများကို ပစ်ခတ်ရန် ၁၀၇ မမ ရှော့တိုက်ဒုံးများ အလုံ အလောက် ပြင် ဆင်ထား၍ ပြည်သူများ ဝေးဝေးရှောင်ကြရန် သတိပေး

Must read

မင်္ဂလာဒုံလေတပ်ကို တော်လှန်ရေးအဖွဲ့ ၃ ခု ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တပ်တွင်း သင်္ကြန်ပွဲများကို ပစ်ခတ်ရန် ၁၀၇ မမ ရှော့တိုက်ဒုံးများ အလုံ အလောက် ပြင် ဆင်ထား၍ ပြည်သူများ ဝေးဝေးရှောင်ကြရန် သတိပေး

■ မင်္ဂလာဒုံလေတပ် အပါအဝင် မစ်ရှင်များကို အမည်ခံ၍ လိမ်လည် အလှူခံ နေမှုများ သတိထားရန် တိုက်တွန်းပြီး မည်သည့် မစ်ရှင်အတွက်မှ အလှူမခံ ဟုဆို

ရန်ကုန်၊ ဧပြီ ၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်ကို ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ည ပိုင်း ရှော့တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်မှုကို မြို့ပြ တော်လှန်ရေးအဖွဲ့ ၃ ခုက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး များမကြာမီ ကျရောက်မည့် သင်္ကြန်ကာလ တပ် တွင်း သင်္ကြန်ပွဲများကို ပစ်ခတ်ရန် ၁၀၇ မမ ရှော့တိုက်ဒုံးများ အလုံ အလောက် ပြင်ဆင် ထားရှိပြီဖြစ်ကြောင်း မြို့ပြ အဖွဲ့ ၃ ဖွဲ့က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မြို့ပြ တော်လှန်ရေးအဖွဲ့ BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha နှစ်ဖွဲ့တို့ ပူးပေါင်း၍ ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၆ မိနစ်တွင် မင်္ဂလာဒုံလေတပ်ကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး မြေပြင်ရဲဘော်များအားလုံး ဘေးကင်းအောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ ယခုကာလသည် ပြည်သူ့တော်လှန်ရေး ဘက်တော် သားများက အာဏာရှင်စစ်တပ်အား တန်ပြန်စစ်ဆင်ရေးများဖြင့် တောရောမြို့ ပါမကျန် တတ်စွမ်းသမျှ ခုခံတန်ပြန်တိုက်ခိုက်နေကြသည့် အချိန်ကာလ ဖြစ် ကြောင်း၊ အာဏာရှင်စစ်တပ်သည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်အား ငဲ့ညှာခြင်းအလျင်းမရှိ ၎င်း၏လေတပ်မှ မတရားအင်းအားသုံး၍ ရက်စက်စွာ ပစ် ခတ်သတ်ဖြတ်နေခဲ့သည်မှာ အများအသိပင်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တော် လှန် ရေးအင်အားစုများက ဖက်ဆစ်စစ်တပ်၏လေတပ်အား တန်ပြန် တိုက် ခိုက် ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အများ ပြည်သူအရပ်သားများ ထိခိုက်မည်ကို အထူးရှောင်ရှား ဆောင်ရွက် ကြရ သည်ဖြစ်၍ စစ်ဆင်ရေးပွဲတိုင်းမှာ တော်လှန်ရေးရဲဘော်များက အလွန် သတိထားပြီး ခက်ခက်ခဲခဲဖြင့် သတိကြီးစွာဆောင်ရွက်ရကြောင်း ပြောဆိုသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ထားသည့်နေရာများသို့ ၄၈ နာရီအတွင်း အသွားအလာ မပြုလုပ်ကြရန်နှင့် Delay counter attack အဖြစ် ယင်းနေရာသို ရှော့တိုက်ဒုံးများလည်းထပ်မံ ရောက်ရှိလာ နိုင်သော ကြောင့် ပြည်သူများ လုံးဝ လုံးဝ သွားရောက်မကြည့်ရှုကြပါရန်နှင့် သတိထား ရှောင်ရှားကြပါရန် ထပ်မံအသိပေးနှိုးကြောင်း မြို့ပြ အဖွဲ့များက ပြောသည်။

အလားတူ လာမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ တပ်တွင်းသင်္ကြန် မဏ္ဍပ် များအနီးသို့ လုံးဝ(လုံးဝ) မသွားကြပါရန်၊ တပ်မဏ္ဍပ်နေရာ တည်နေရာ များကို နီးစပ်ရာ မြိုပြပျောက်ကျားအဖွဲ့များကို အကြောင်းကြားပေးရန် မေတ္တာရပ်ခံလိုကြောင်း၊ တပ်တွင်း သင်္ကြန်မဏ္ဍပ်များကို ပစ်ခတ်ရန် ၁၀၇ မမ များလည်း လုံလုံလောက်လောက် ရောက်ရှိနေပြီ ဖြစ်ပါသောကြောင့် တပ်တွင်း သွေးသင်္ကြန်ပွဲများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ တပ်တွင်းသင်္ကြန်များကို လုံး၀ မသွားကြရန် အထူးသတိပေးထားသည်။

“သင်္ကြန်ကာလမှာ စစ်တပ်က လုပ်တဲ့သင်္ကြန်နဲ့ တပ်တွင်း သင်္ကြန်ပွဲတွေကို ပြည်သူတွေ မသွားကြဖို့နဲ့ ဝေးဝေး နေကြဖို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ တပ်တွင်းသင်္ကြန်ပွဲတွေကိုတော့ အထူးသတိထားစေချင်ပါတယ်။ တတ်နိုင်သမျှ ဝေးဝေး နေပေးကြဖို့ ပြောချင်ပါတယ်” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ရှင်းပြသည်။

အများပြည်သူများထံမှ ယခုမစ်ရှင်များအတွက် လိမ်လည်ပြီး နာမည်ယူ အလှူ ခံနေခြင်းများလည်း ရှိနေကြောင်းကြားသိကြရကြောင်း၊ မှော်ဘီလေတပ် ပစ် ခတ်မှုဖြစ်စဉ်နှင့် ဧပြီလ ၆ ရက်နေ့ည ပစ်ခတ်တိုက်ခိုက်မှုများမှာ ပြင်ပ အလှု ရှင် မည်သည့်အဖွဲဆီကမျှ အလှုမခံခဲ့သည်ကို အသိပေးလိုကြောင်း၊ အဆိုပါ အဖွဲ့ အတုများမှာ စကစ၏ထောင်ချောက်ဆင်မှုများလည်း ဖြစ်နိုင်ပါသဖြင့် အလှူရှင်များအနေဖြင့်လည်း အလိမ်မခံရစေရန် သတိထား၍လှုကြပါရန် ပြည်သူ များကို သတိပေးသည်။

ဓာတ်ပုံ-ယမန်နေ့ ညပိုင်း မင်္ဂလာဒုံလေတပ်ကို ပစ်ခတ်ခဲ့သော ရှော့တိုက် ဒုံးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article