20 C
Yangon

နွားထိုးကြီးမှ မြင်းခြံသို့ လာသည့် စစ်သား၊ ရဲများ လိုက်ပါသော ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

Must read

နွားထိုးကြီးမှ မြင်းခြံသို့ လာသည့် စစ်သား၊ ရဲများ လိုက်ပါသော ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မှ မြင်းခြံမြို့သို့ လာသည့် စစ်သားနှင့် ရဲများ အင် အား ၁၆ ဦးခန့် လိုက်ပါသည့် ကားနှစ်စီးကို ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ကန်ရွာနှင့် ကန်နှောင်းရွအာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ် ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း People’s Defense Force Mandalay (MDY-PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် မန္တလေးခရိုင် တပ်ရင်း ၃ နှင့် မဟာမိတ်ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်သား များ၏ သေဆုံးအလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများကို ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် စစ်တပ်က ကားဖြင့် လာသယ်ပြီး မြင်းခြံမြို့သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

“ကားတွေ ထိုးရပ်သွားပြီး ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ နွားထိုးကြီး ကနေ နောက်ထပ်ကားတွေ ထွက်လာပြီး လုံခြုံရေးအပြည့်နဲ့ ပြန်လာခဲ့တာပါ” ဟု People’s Defense Force Mandalay (MDY-PDF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အများပြည်သူများအနေဖြင့် People’s Defense Force Mandalay(MDY-PDF) နှင့် ဆက်သွယ်လိုပါက လူမှု ကွန်ရက် Facebook စာမျက်နှာ https://www.facebook.com/PDFMandalay မှ တစ်ဆင့် ဆက်သွယ် နိုင်‌ပြီး စစ်ဆင်ရေး မစ်ရှင်များနှင့်ပတ်သက်၍လည်း မိဘပြည်သူများကို အသိပေးသွားမည်ဖြစ်ကြောင်းလည်း MDY – PDF က ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article