ရန်ကုန်၊ ဧပြီ ၁၀
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ယမန်နေ့ မွန်းလွဲပိုင်း ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူး ဒုရဲမှူး နေမင်းစိုး သေဆုံးသွားကြောင်း ဒေသ သတင်း ရင်းမြစ်များနှင့် ရဲသတင်းရပ်ကွက်က ပြောသည်။
ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်း တွင် စခန်းမှူး ဒုရဲမှူး၊ ဒုရဲအုပ်နှင့် နယ်ထိန်းတို့ စကားများကြရာမှ အပြန် အ လှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်တွင် ဒုရဲအုပ်က စခန်းမှူး ဒုရဲမှူး နေမင်းစိုးကို ပစ်ခတ်ရာမှ နေမင်းစိုး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“ရန်ဖြစ်တာက ၃ ဦးဖြစ်ကြတာ။ နယ်ထိန်းနဲ့ ဒုရဲအုပ်က တစ်ဖက်၊ ဒုရဲမှူး နေမင်းစိုး က တစ်ဖက်။ စခန်းမှာ စီမံခန့်ခွဲမှုနဲ့ စခန်းရဲ့ ငွေကြေးကိစ္စလို့ သိရ တယ် ။ အသစ်ရောက်တဲ့ စခန်းမှူးက အရင် စာရွက်စာတမ်းတွေ တောင်းတယ်။ အဲဒီမှာ ဒုရဲအုပ်နဲ့ နယ်ထိန်းက မပေးနိုင်တာကနေ စကား များကြတာလို့ သိရပါတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။
ဒုရဲမှူး စခန်းမှူး နေမင်းစိုးကို ယနေ့ နံနက်ပိုင်း သဂြိုလ်လိုက်ပြီး ယင်းဖြစ်စဉ် ကို အမှုဖွင့် ထားကြောင်း၊ ပစ်ခတ်သူ ဒုရဲအုပ်နှင့် နယ်ထိန်းတို့ကို အချုပ်ဖြင့် ဖမ်းဆီးထားပြီး အရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။