24 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးထက်မနည်းသေခဲ့ရပြီး ၊ အများအပြား ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နဲ့ ခင်ဦးမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကေင်စီတပ်က စစ်ကြောင်း ထိုးနေတဲ့အတွက် ဒေသခံ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရသလို ၊ ပြည်သူတချို့လည်း ပိတ် မိ နေပြီး ၊ ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ချောင်းရိုးကျေးရွာ ကို ရွာလုံး ကျွတ် မီးရှို့နေတယ်လို့ သိရပါတယ်။

– ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား ဧပြီလ ၄ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၆ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၂၈ ဦး သေသွားတဲ့အပြင် ၊ ၃ ဦးကို အရှင်ဖမ်းမိထားသလို ၊ လက်နက် ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article