36 C
Yangon

ကျောက်ထုနယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး၊ ကော လင်းတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

Must read

ကျောက်ထုနယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး၊ ကော လင်းတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ကျောက်ထုနယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ဒေသကာကွယ် ရေး တပ်ဖွဲ့များအကြား ဧပြီလ ပထမပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း ကျောက်ထု PDF က ပြောသည်။

ဧပြီ ၅ ရက်နေ့ နံနက်ပိုင်း ကျောက်ထုအမြှောက်တပ်မှ စစ်ကြောင်းထိုး လာ သည့် တပ်မ ၇၇၊ ၁၀၁ ပူးပေါင်းအင်အား ၇၀ ခန့်ကို သရက်ချဥ်ကျေးရွာနှင့် ငလွန်းကျေးရွာကြားအရောက် ကျောက်ထုPDF ၊ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၉ က ပဒေသာမိုင်း ၁၅ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးကိုထမ်းစင်ဖြင့် ခေါ်သွားကြကြောင်း သိရှိရသည်။

” ဧပြီလ ၅ ရက်နေ့ ကျောက်ထုကနေလက်နက်ကြီးတွေနဲ့ထုတယ်။ သတင်း ထုတ်ပြန်တာက လုံခြုံရေးကြောင့် နောက်ကျမှထုတ်ပြန်ကြတာ။ သူတို့က စစ်ကြောင်းနှစ်ကြောင်းထွက်တာလေ။ တစ်ကြောင်းကို ခုနစ်ဆယ်၊ရှစ်ဆယ်ရှိ တယ်။ သူတို့တွေကျောက်ထုတပ်ကိုပြန်တော့ လူဦးရေလျှော့နေတာ” ဟု ကျောက် ထု PDF သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဧပြီလ ၇ ရက်နေ့တွင်မူ နှောပင်ထိပ် ဘက်သို့ စစ်ကြောင်းထိုး လာ သည့် စစ်တပ်စစ်ကြောင်းကို ကျောက်ထုPDF (YRPA) ၊ ဂန့်ဂေါ ခရိုင်တပ် ရင်းအမှတ် ၈၊ ၉ ၊ CDF (မင်းတပ်) ၊ YDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအချိန် ၂ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ စစ်သား ၅ ဦးဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကြောင်း အထိနာသွားသည့်အတွက် ကျောက်ထုဒေသကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

” လေကြောင်းက ည ၁၁ နာရီ ကျော်ကြီးလာတာနော။ နိမ့်နိမ့်လေးပျံတာ။ ချင်း နယ် စပ်ရောက်တော့ ဗုံးကျဲတာ ဝုန်းကနဲပဲ” ဟု ဧပြီ ၇ ရက်နေ့ညပိုင်း စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ စစ်ကိုင်းတိုင်း ကောလင်းမြို့ ကသစ်ကုန်းရွာတွင် ညအိပ်ပြီး ကော လင်း ဘက်သို့ ကူးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကော လင်း ကိုးတောင် ဘို့လမ်း ကြခတ်အိုက်ရွာအနီးတွင် ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေကာ ၂ ဦး ဒဏ်ရာရရှိ ကြောင်း The Secret Warrior Kawlin အဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ကြခတ်အိုက်ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် The Secret Warrior Kawlin တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး စစ်ကောင်စီဝင် ၃ ဦးကို ကောလင်းကိုးတောင်ဘို့လမ်းဘေးရှိ အိမ်မည်းကြီးပေါ်တင်ကာ မီးရှို့သွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ကြခတ်အိုက်ရွာ ရွှေမြန်မာပန့်ဆိုင် မြောက်ဘက် မီတာ ၂၀၀ တွင် ကောလင်းမှ ထောက်ပို့လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဘီးယာဉ်ကို ထိခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သုံးဘီးပေါ်မှ ပြုတ်ကျခဲ့ကြောင်း၊ ထိခိုက်မှုကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ကျောက်ထုဒေသသို့ နယ်ချဲ့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့။ (ပုံအဟောင်း ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article