အရာတော်တွင် တော်လှန်သင်္ကြန် သံချပ်ထိုး၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၁၄
အရာတော်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၄ ရက်နေ့၌ တော်လှန်သင်္ကြန် သံချပ်ထိုး၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို အရာတော်မြို့နယ် လူထု သပိတ် ဦးဆောင် ကော်မတီ၊ အရာတော်မြို့နယ် ကျောင်သားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းသားများသမဂ္ဂနှင့် ကျောင်းသားပြည်သူလူထုများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


