27 C
Yangon

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံး ကျွတ် နေအိမ်တိုင်း နာရေးအိမ်ဖြစ်သွားရပြီး ၆ လသားအရွယ် ကလေးငယ် ပင် ဗုံးထိမှန် သေဆုံးခဲ့ရ

Must read

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံး ကျွတ် နေအိမ်တိုင်း နာရေးအိမ်ဖြစ်သွားရပြီး ၆ လသားအရွယ် ကလေးငယ် ပင် ဗုံးထိမှန် သေဆုံးခဲ့ရ

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏လေတပ်ဖြင့် ဗုံးကျဲမှုကြောင့် ပဇီကြီးရွာရှိ မိသားစုဝင်များတွင် သေဆုံးသူ မရှိသည့် အိမ် မရှိ ဘဲ တစ်အိမ် ၁ ယောက်နှုန်း၊ ၂ ယောက်နှုန်းမှ စ၍ မိသားစုဝင် ၈ ဦးအထိ သေ ဆုံးသည့် အိမ်များလည်း ရှိကြောင်း ဒေါင်းနီ ကာကွယ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ ပဇီကြီးရွာ ပြည်သူတွေ အများဆုံး သေဆုံးမှုမှာ ပါသွားတယ်။ တစ်အိမ် ၁ ယောက် နှုန်း၊ ၂ ယောက်နှုန်း ။ လုံးဝ မပါတဲ့ အိမ်ဆိုတာ မရှိသလောက်ပဲ။ မိသားစုဝင်တိုင်းပဲ နာရေးရှင်။ ကလေးအရေအတွက်က ၃၈ ယောက်ပါ။ ၁၇ နှစ်လောက် အထိကို ကလေးလို့ သတ်မှတ်ထားပါတယ်။ အနိမ့်ဆုံး ၆ လသားအရွယ်လေး တွေ ပါ ပါပါတယ်” ဟု ဒေါင်းနီအဖွဲ့မှ တာဝန်ရှိသူ ကိုကျော် ဝဏ္ဏက ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံးရသည့် ကလေးများ တွင် အသက် ၆ လသားအရွယ်၊ ၃ နှစ်အရွယ် စသည့် ရင်ခွင်ပိုက်ကလေးငယ်မှ စ၍ ပါဝင်နေပြီး လက်ရှိစာရင်းအရ စုစုပေါင်း သေဆုံးသွားသူ ၁၇၄ ဦး စာရင်း ကောက် ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ပဇီကြီးရွာအပြင် ရွာသာ၊ လေးတွင်းဇင်၊ သာယာမွန်၊ ကျောက်လေ၊ မဲဇာတော၊ ထနောင်းဝိုင်းကြီး စသည့် ကျေးရွာသူ ရွာသားများပါ သေဆုံးခဲ့ပြီး ပဇီကြီးရွာမှ စုစုပေါင်း ၁၃၀ ကျော် သေဆုံးသွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အနီးအနားရှိ ကျေးရွာများမှ ရွာသူ ရွာသားများပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ထိုပြင် ပဇီကြီးရွာတွင် သေဆုံးမှု များပြားရခြင်းမှာ အနီးအနားတွင် မိုင်း တွင်းများ ထောင်ခြင်းကြောင့် သေဆုံးမှုများခြင်းဟု စစ်တပ်၏ ပြောဆိုချက်မှာ လုံးဝ မှားယွင်းကြောင်းလည်း ကျေးရွာ၏ ပကဖ အဖွဲ့ဝင်တစ်ဦးဖြစ်သူက ပြောကြားသွားသည်။

“ ကျွန်တော်တို့တွေက ပြည်သူတွေ အများကြီးနဲ့ကျင်းပနေတဲ့ ဒီနေရာမှာ မိုင်းထား စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ ပွဲဦးဆောင်ကျင်းပနေသူ တွေ လည်း အဲဒီလောက်အထိ ဉာဏ်မနည်းပါဘူး။ ထမင်းချက်တဲ့ မီးဖိုတွေ ရှိတယ်။ အဲဒီနေရာမှာ မိုင်းတွေ ထားထားစရာ မရှိပါဘူး” ဟု ကျေးရွာ၏ ပကဖ အဖွဲ့ဝင်တစ်ဦးဖြစ်သူမှ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

လက်ရှိအချိန်တွင် ပဇီကြီးကျေးရွာအပါအဝင် တိမ်းရှောင်နေသည့် ဒေသခံများ မှာ အမိုးအကာများအပါအဝင် ဆေးဝါးများ၊ ရှူးဖိနပ်ကဲ့သို့ အသုံးအဆောင်များ လိုအပ်နေကြောင်း၊ ဧပြီ ၁၃ ရက်နေ့မှ စ၍ စစ်ဘေးရှောင်များအတွက် ကူညီ ကာကွယ်ရေး တချို့ရောက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများအပါအဝင် ပြည်သူ့အခြေပြုအုပ်ချုပ်ရေးရုံးကို ဦးဆောင်သူများလည်း သေဆုံးစာရင်းတွေ ပါဝင်ပြီး လက်ရှိအချိန်အထိ စာရင်းကောက်၍ မပြီးသေးကြောင်း ၊ စစ်ကောင်စီ ဝင်များ ဖြန့်ချိနေသည့် သေဆုံး ပကဖ စာရင်းမှာမူ မဟုတ်မှန်ကြောင်း ၊ ပြည်သူ များမှာ ရွာထဲတွင် မနေနိုင်တော့သည့်အတွက် မိသားစုဝင်များ ရှိရာ နေရာများသို့ သွားရောက် စာရင်းကောက်ယူရသည့်အတွက် စာရင်းအတိအကျ မသိရှိရသေးခြင်းဖြစ်ကြောင်း ဒေါင်းနီကာကွယ်ရေးအဖွဲ့မှ ကိုကျော်ဝဏ္ဏက ပြောဆိုသည်။

ပဇီကြီးကျေးရွာတွင် ဧပြီ ၁၁ ရက်နေ့က လူစုလူဝေး အခမ်းအနားပုံစံ ဖြစ်ပေါ် ရခြင်းမှာ ပွဲလမ်းသဘင်များ မကျင်းပဖြစ်သည်မှာ ကြာမြင့်ပြီဖြစ်သကဲ့သို့ ပြည်သူ့အခြေပြုရုံးဖွင့်ပွဲကို အိမ်သစ်တက်ပွဲကဲ့သို့ ပြည်သူများက အကျွေး အမွေးများကို ကူညီဝိုင်းလုပ်ရင်း လာစားကြခြင်းဖြစ်ကြောင်း၊ သိရှိရသည်။

“ရုံးလည်းဖြစ်တယ်။ အိမ်တက်ပွဲလည်းဖြစ်တယ်။ ဘုန်းကြီးတွေလည်း ပင့်ထား တယ်။ အကျွေးအမွေးနဲ့ ကုသိုလ်ရေးလုပ်ကြတာပေါ့ဗျာ။ လာစားကြ လာဝိုင်း လုပ်ကြရင်း အဲဒီအချိန်မှာဖြစ်သွားတာ။ ဂျက်ဖိုက်တာ အသံကြားလို့ ဖုန်းဆက် ကြပေမယ့် အသံတွေကြောင့် သိပ်မကြားရဘူးဖြစ်သွားကြတယ်” ဟု ကျေးရွာ ၏ ပကဖ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိသည့် ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရ သူ ကလေး ငယ် ၂ ဦး ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article