မင်းအောင်လှိုင်ကို ကမ္ဘာ့ ခေါင်းဆောင်ဆိုး အဖြစ် အမေရိကန် TIME မဂ္ဂဇင်း ၏ သက်ရောက်မှုရှိသော လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်း ရွေးချယ်
ရန်ကုန်၊ ဧပြီ ၁၆
ကမ္ဘာကျော် TIME မဂ္ဂဇင်း၏ ဩဇာသက်ရောက်မှုရှိသော လူပုဂ္ဂိုလ် ၁၀၀ စာရင်း တွင် အကြမ်းဖက် မင်းအောင်လှိုင်ကို ဧပြီလ ၁၃ ရက်နေ့တွင် ထည့် သွင်း ရွေးချယ်ခဲ့သည်။
သို့သော် ကောင်းခြင်းဖြင့် ရွေးချယ်ခံရခြင်းမဟုတ်ဘဲ ပြည်သူ ထောင်သောင်း ချီကို သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းဖြင့် ပြည်သူကို သတ်ဖြတ်ခြင်း၊ အတိုက်အခံများကို ချေမှုန်းမည်ဟု စင်မြင့်ထက်က ခြိမ်းခြောက်ခြင်း၊ ပြည်သူ ၁ သန်းကျော်ကို အိုးမဲအိမ်မဲ့ ဖြစ်စေခြင်းစသည့် သက်ရောက်မှုရှိသော ခေါင်း ဆောင် ဆိုးအဖြစ် မင်းအောင်လှိုင်ကို TIME မဂ္ဂဇင်းက ရွေးချယ်ခြင်းဖြစ်သည်။
အာဏာမသိမ်းမီက ကုလသမဂ္ဂက မင်းအောင်လှိုင်သည် လူမျိုးတုံးသတ်ဖြတ် ရန် ရည်ရွယ်ချက်ဖြင့် ရိုဟင်ဂျာမွတ်စလင်များကို အစုလိုက်အပြုံလိုက် သတ် ဖြတ် ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် နိုင်ငံ ပြီးလျှင် ကမ္ဘာပေါ်ျွှွင် ဒုတိယမြောက် အဆိုးရွားသော အာဏာရှင် အပယ်ခံနိုင်ငံ တစ်ခုအဖြစ် ရောက်ရှိသွားကြောင်း TIME မဂ္ဂဇင်းက ဖော်ပြသည်။
