26.6 C
Yangon

ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ်တိုက်ခိုက်

Must read

ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့ ည ၉ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ကြံ့ချောင်းကျေးရွာမှ ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ညောင်ထောက်၊ သစ်စက်ဟောင်း အရောက်တွင် ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၂ နာရီ ၉ မိနစ်မှ နံနက် ၁ နာရီ ၉ မိနစ်ထိ တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ၉၀ မမ၊ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို REAL HEROSx. ပျောက်ကျားတပ်ဖွဲ့၊ S.B.T.F. ပျောက်ကျားတပ်ဖွဲ့၊ E.D.F. ပျောက်ကျားတပ်ဖွဲ့၊ BLACK Shadowပျောက်ကျားတက်ဖွဲ့၊ ချင်းတွင်းညီနောင်ပျောက်ကျားတပ်ဖွဲ့၊ F.B.G.A ပျောက်ကျားတပ်ဖွဲ့

6ဖွဲ့ပေါင်း ၈ ဆိုင်း၊ ဒေါင်းမင် ၂၉တပ်ရင်း ကိုဘသာ ၁ဆိုင်း၊ ချင်းတွင်းတိုးနယား ၊ S PDF ဇာနီသွေး၊ MRDA ခွဲ၊ Myanmar National Armed Force တပ်ရင်း၊ Monywa Inventor၊ Black Joker နှင့် Jungle Hunter Revolution Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article