26 C
Yangon

စစ်ခေါင်းဆောင်းဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ညွှန်ချုပ်က အလွတ်သဘော လာရောက်တွေ့ဆုံဟု သတင်းထွက်ပေါ် ၊ ရန်ကုန်တရုတ်သံရုံးက မေးမြန်းမှုအပေါ် တုံ့ပြန်မှုမရှိ

Must read

စစ်ခေါင်းဆောင်းဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ညွှန်ချုပ်က အလွတ်သဘော လာရောက်တွေ့ဆုံဟု သတင်းထွက်ပေါ် ၊ ရန်ကုန်တရုတ်သံရုံးက မေးမြန်းမှုအပေါ် တုံ့ပြန်မှုမရှိ

ရန်ကုန်၊ ဧပြီ ၂၀

စစ်ခေါင်းဆောင်းဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin က လာရောက် တွေ့ ဆုံသည်ဟု နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ဌာန ညွှန်ကြားရေမှူးချုပ် ( Director General of the Asian Bureau of the International Department of the Central Committee of the Communist Party of China ) Peng Xiubin က လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံမှုသည် အလွတ်သဘောသာ ဖြစ်ကြောင်း သိရှိရသည်။

“အင်္ဂါနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ တွေ့ဆုံတယ်။ အဲဒီနောက် မွန်း လွဲ ၁ နာရီ ၃၀ မိနစ်မှာ ဦးသန်းရွှေနဲ့ သွားတွေ့တယ်။ ညနေ ၃ နာရီ ၃၀ မိနစ်မှာ ရန်ကုန်ကို ပြန် လည်ထွက်ခွာပါတယ်” ဟု နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ တွေ့ဆုံမှု သတင်းကို အတည်ပြုချက်ရယူရန်အတွက် ရန်ကုန် မြို့ ရှိ တရုတ်သံရုံးကို ဧပြီလ ၁၈ ရက်နေ့ ညပိုင်းကတည်းက အီးမေးလ်ပို့၍ ဆက်သွယ် မေးမြန်း ထားသော်လည်း ရန်ကုန်တရုတ်သံရုံးဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသဖြင့် တွေ့ဆုံမှု သတင်းအပေါ် တရားဝင် အတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။

ဓာတ်ပုံ- တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article