28 C
Yangon

သပိတ်ကျင်းတွင် ဒဏ်ရရာ စစ်သားများကို တင်ဆောင်လာသည့် ကား ၂ စီး အား မိုင်းဆွဲမှု ထိခိုက် သေဆုံးသူ များပြား

Must read

သပိတ်ကျင်းတွင် ဒဏ်ရရာ စစ်သားများကို တင်ဆောင်လာသည့် ကား ၂ စီး အား မိုင်းဆွဲမှု ထိခိုက် သေဆုံးသူ များပြား

ရန်ကုန်၊ ဧပြီ ၂၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သားများကို ကား ၂ စီးဖြင့် တကောင်းတိုက်နယ် ဆေးရုံမှ ၇ မိုင်ဆေးရုံသို့ပြောင်းရွှေ့စဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူများလည်းရှိကြောင်း တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၈ ရက် နေ့က တကောင်းတိုက်နယ်ဆေးရုံအတွင်းမှ ဒဏ်ရာပြင်းထန်သော စစ်သားများမှာ ၇ မိုင်ဆေးရုံသို့ ပြောင်းရွှေ့ရန် အတွက် ဘောက်ပါရှိသော ကုမ္ပဏီကား ၂ စီးကို ချောဆွဲကာ ထွက်ခွာလာ စဉ်မတောင်ရွာအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ထွက်မိုင်း ၂ လုံးစလုံး ကားခန်းအတွင်းသို့ တိုက် ရိုက်ထိမှန်ပြီး စစ်သား ၁၀ ဦးထက်နည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နှစ်စီးပေါင်း ၅၀ ကျော်လောက်ပါတယ်၊ အရင်တိုက်ပွဲကတည်းက ဒဏ်ရာရစစ်သားတွေကို သယ်လာ တာ၊ ဘောက်ကားဆိုတော့ နောက်ခန်းဖွင့်သယ်လာတာ၊ ရှေ့ထွက်မိုင်း ၂ စလုံး နောက်က ကား အတွင်း ထဲအထိတိုက်ရိုက်ထိမှန်ခဲ့တာ၊ ကားတစ်စီးလုံးလဲ ပျက်စီးသွားတယ်၊ ကားပေါ်ပါတဲ့ စစ်သားခွေအားလုံး နီးပါပဲ သေဆုံးထိခိုက်နိုင်ပါတယ်” ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို တကောင်းမြို့ရှိ စစ်တပ်မှ လာရောက် သယ်ဆောင်ကာ သပိတ်ကျင်းမြို့ဘက်သို့ ဆင်းသွားကြောင်း၊ ထိခိုက်ပျက်စီးသွားသော ကားကိုလည်း ဆွဲယူသွားကြောင်း သိရသည်။

တကောင်းတိုက်နယ်အတွင်း ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်သား ၇၀ ကျော်နှင့် တကောင်းတိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကြား အပြင်းအထန်တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က အထိနာပြီး Yak-130 တိုက်လေ ယာဉ်ဖြင့် ဗုံးကြဲစစ်ကူပေးခဲ့သဖြင့် ဒေသနေပြည်သူ ၄ ထောင်ကျော်စစ်ဘေးရှောင်နေရကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article