30.5 C
Yangon

ချင်းတောင်တန်းပေါ်တွင် ပြန်လမ်းမရှိတော့သည့် စစ်ကောင်စီ၏ စွန့်ပစ်ခံ သံချပ်ကာ ကား ၂ စီးကို စစ်တပ်က ပြန်မသယ်ယူနိုင်တော့

Must read

ချင်းတောင်တန်းပေါ်တွင် ပြန်လမ်းမရှိတော့သည့် စစ်ကောင်စီ၏ စွန့်ပစ်ခံ သံချပ်ကာ ကား ၂ စီးကို စစ်တပ်က ပြန်မသယ်ယူနိုင်တော့

ရန်ကုန်၊ ဧပြီ ၂၀

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ လက်နက်တင် ကားတန်း ကို ချင်းကာကွယ် ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်ပိုင် သံချပ်ကာကား ၂ စီးကိုလည်း လမ်းဘေးမှာ သုံးမရတော့တဲ့ အနေအထားနဲ့ တွေ့မြင်နိုင်ပါတယ်။

“သံချပ်ကာ ကား ၂ စီးက နေရာ နည်းနည်းကွာတယ် ရှိနေတာ။ တစ်စီးက မီးလုံး၀ လောင်သွားပြီး သုံးမရတော့ဘူး။ နောက်တစ်စီးကတော့ ပျက်သွားပြီ။ သူကတော့ အပြင်မှာ အကောင်းအတိုင်း ကျန်သေးတယ်။ အထဲမှာတော့ စက် တွေ အကုန်ပျက်သွားပြီ။ အဲဒီကားက ကျည်ဆန်တွေ ဗုံးတွေတော့ အကုန် လုံးယူပြီးပြီ။ သံချပ်ကာ ကား ၂ စီးလုံး ဒီအတိုင်းပဲ” လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကား ၂ စီးနဲ့ ယာဉ်တန်းကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CNA နဲ့ မဟာမိတ်တပ်များက ဧပြီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ တွေမှာ ပူးပေါင်း ဖျက်ဆီးနိုင်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ သံချက်ယာဉ် ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ် များ က ဖျက်ဆီးနိုင်ခဲ့ပြီး ယာဉ်တန်းကို တောက်လျှောက် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ် တယ် လို့ သိရပါတယ်။

“အဲဒီယာဉ်တန်းကို တောက်လျှောက်ဆိုသလို တိုက်ခိုက်နေတာမှာ သံချပ်ကာ ၂ စီးနဲ့ အခြားယာဉ်တွေပါ ဖျက်ဆီးနိုင်လိုက်တယ်” လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

“စစ်တပ်က ချွန်ကျုံးကျေးရွာထဲမှာ တပ်စွဲပြီးတော့ လက်နက်တွေ၊ ရိက္ခာတွေ သိမ်းထားတာ။ အဲဒါတွေက တိုက်ပွဲဖြစ်ပြီး အကုန်မီးလောင်သွားတယ်။ ရွာထဲ က အိမ်တွေလည်းမီးလောင်တယ်။ ရွာထဲမှာ ပြည်သူတွေက မရှိတော့ဘူး။ အကုန် ပြေးကုန်ကြပြီ။ စစ်တပ်က ရွာထဲဝင်ပြီး နေရာယူထားတာ။ ကားတန်း အတိုက်ခံရတော့ လက်နက်တွေ ရိက္ခာတွေကို အဲဒီရွာထဲ ရွှေ့ထားတာ” ဟု ချင်းကာကွယ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ၁၇ မိုင်အကွာ ချွန်ကျုံးရွာမှာ ချင်းတော်လှန် ရေးပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ဧပြီ ၁၃ ရက်နေ့မနက် ပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်ခဲ့ ပါသေးတယ်။

စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ် တိုက် ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရပါတယ်။

ချင်းတောင်တန်းတွေရဲ့ လမ်းတွေပေါ်မှာ သုံးမရတော့ စစ်ကောင်စီရဲ့ ရိက္ခာ တင် ကားတွေနဲ့အတူ စွန့်ပစ်ထားတဲ့ သံချပ်ကာ ကား ၂စီးကတော့ ချင်းပြည် နယ် ဟာ ချင်းတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်မှုအောက်ကို အပြည့်အ၀ ရောက် နေပြီ ဖြစ်တယ်ဆိုတဲ့ လက္ခဏာကိုလည်း ပြသနေတာလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article