30 C
Yangon

ကယားပြည်နယ်အတွင်း ၆ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၃ ဦးသေဆုံးပြီး လက်နက်အမျိုးမျိုး ၂၉ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

Must read

ကယားပြည်နယ်အတွင်း ၆ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၃ ဦးသေဆုံးပြီး လက်နက်အမျိုးမျိုး ၂၉ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၁

ကယားပြည်နယ်အတွင်း ဧပြီလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးကာ လက်နက်အမျိုးမျိုး ၂၉ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာ အနီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးလာသောကြောင့် ဧပြီလ ၁၆ ရက်နေ့မှစကာ ယနေ့ အချိန် အထိ တိုက်ပွဲများရှိ​ပြီး ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ ပူပေါင်းကာ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့တွင် လွိုင်ကော် – မိုးဗြဲ လမ်းပိုင်းရှိ ဆောင်ကန်းကျေးရွာ လမ်းဆုံတွင် သင်္ကြန်ရေ ထွက်ပက်နေသည့် စစ်သားများကို KNDF/B03 မှ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီ ၁၅ ရက်နေ့တွင်လည်း မိုးဗြဲမြို့အဝင်၌ ရေပက်ကစား နေသည့် စစ်သားများကို ထပ်မံ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၄၀ ဦး ကျော် သေဆုံးပြီး အများအပြား ပြင်းထန်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်တပ်ထံမှ MA-1 ၃ လက်၊ MA-3 ၁၁ လက်၊ SK-1 ၁ လက်၊ MA-2 ၃ လက်၊ MA-4 ၃ လက်၊ ငါးကြင်းမြီး ၁ လက်၊ 66mm ပြောင်း ၁ ပြောင်း ၊ RPG 7 ၁ လက်၊ မိုင်းရှာစက် ၁ ခု ၊ ကွန်ပျူတာ ၁ လုံး၊ မှန်ဘီလူး ၂ ခု၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၈ လုံး နှင့် မိုင်းများ ၊ ဆက်စပ် ခဲယမ်း မီးကျောက်များ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘောလခဲ နှင့် ဒေါညေးခူ အကြား၌ အကြမ်းဖက် စစ်တပ်၏ ခလရ ၈၀ တပ်ဖွဲ့များ နှင့် KA ၊ KNDF/B21 ၊ ဘောလခဲ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား တစ်နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦးအား အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ MA -1 ၂ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက် ၊ ကျည်ဘောက် ၁၇ ခု နှင့် ကျည်တချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၅ ရက်နေ့မှစ၍ ဒေါညေးခူကျေးရွာ အနီး ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ကူများ အပြင် လေကြောင်းပစ်ကူများဖြင့် ယနေ့ထိ နေ့စဥ် ဂျက်ဖိုက်တာ ၃ စီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အကြိမ်ရေ ၃၀ ကျော်ပစ်ခတ် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ဒေါညေးခူကျေးရွာအနီး တိုက်ပွဲအတွင်း KA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အကြား ရှိ တောင်မဲသင်း ၊ တောင်စလုံး ၊ မြောက်စလုံးရွာ တွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှု များကိုပါ လုပ်ဆောင်ခဲ့ကြောင်း၊ ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာ အနီးတွင် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး တနီးလာလဲ ၊ ဒေါတငူး ကျေးရွာများ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF/B09 ၊ KNDF/B10 တို့အကြား ထိတွေ့ တိုက်ပွဲငယ်များ ဖြစ်ပွားလျက်ရှိပြီး ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း ၊ ဖရူဆိုမြို့နယ် ၊ လွိုင်ကော်မြို့နယ် ၊ မိုးဗြဲမြို့နယ် များတွင်လည်း KNDF တပ်ရင်းများမှ စစ်ကောင်စီ တပ်ဖွဲ့များကို အလစ်အငိုက် တိုက်ခိုက်ခြင်း များကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်အတွင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ၊ ပင်လောင်မြို့နယ်များ အကြား အကြမ်းဖက် စစ်တပ်က မတ်လမှ စတင်ကာ လက်ရှိချိန်ထိ စစ်ကြောင်း ထိုးလျက်ရှိပြီး ကရင်နီ ပူးပေါင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ မှ ခုခံတိုက်ခိုက်လျက်ရှိကာ ရက်ရှည် တိုက်ပွဲများအတွက် ရလဒ်ကောင်းများ ဆက်လက် ဖော်ဆောင်နိုင်ရန် ပြည်သူများမှ လိုအပ်သည့် ကူညီထောက်ပံ့ မှုများအား အလေးထား လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article