27 C
Yangon

အကြမ်းဖက် စစ်ကောင်စီ သငါမဟားရွာရှိ ပြည်သူများ နေအိမ် ၁၁ လုံးနှင့် စပါးကျည်များကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် သငါမဟားရွာကို အကြမ်းဖက် စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးများနှင့် ပစ်ခတ်ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ် ၁၁ လုံးနှင့် စပါးကျည်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“ရွာထဲကို မွှေပြီးတော့ ဓားစာခံအနေနဲ့ လူ ၂၀၀ လောက်ကို သငါ ဆိပ်ကမ်း သူတို့ မော်တော်တွေ ရပ်ထားတဲ့ နေရာကို ခေါ်သွားတယ်။ နောက်နေ့ ပြန်လွှတ်ပေးတယ်။ မီးရှို့တာ သူတို့ လုပ်တာ မဟုတ်ဘူးလို့တော့ ပြောစေချင်တာ သူတို့ စကားအသွားအလာက။ သူတို့ရှို့တာကို ပုန်းနေကြတဲ့ လူတွေက မြင်လိုက်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် သငါမဟားရွာတွင် သူတို့ ညအိပ်စဉ် ခုခံပါက တစ်ရွာလုံးကို ထပ်မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ရွာထဲရှိ အိမ်ကောင်း ၁၁ လုံးကို ရွေးကာ အိမ်အောက်များတွင် ထားသည့် ဆိုင်ကယ်များက ဓာတ်ဆီဖောက်ထုတ်ကာ မီးရှို့သွားခြင်းဖြစ်ကြောင်း၊ ရွာထဲတွင် တစ်ညအိပ်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပုံစာ – အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ခံရသည့် နေအိမ်များ

Photo credit – Mawleaknews

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article