Khit Thit သတင်းဌာန၏ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို PDF မဟာမိတ်ပူးပေါင်းတပ်တွေကနေ ဧပြီ ၂၃ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၅ ဦးသေသွားတယ်လို့(ထားဝယ်ခရိုင်) ပြည်သူ့ ကာကွယ်ရေးတပ်မတော်-T1 ကနေ ပြောထားပါတယ်။
– စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲ-ကျေးရွာကို ဧပြီလ ၂၃ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းပြီး ရွာသား ကိုထွန်းထွန်ဝင်း ဆိုသူကို ခေါင်းဖြတ် သတ်ခဲ့တဲအပြင် ငယ်ပါကို ဖြတ်တော်ပြီး ပါးစပ်ထဲထည့်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ချင်းပြည်နယ်က ခရစ်ယာန်ဘာသာရေး ဆုတောင်းဆောင် နဲ့ ကရင်နီပြည်နယ်က တိုက်နယ် ဆေးရုံကို တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲချခဲ့တဲ့ အတွက် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ် ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။