AUTHOR NAME
DeJay LuLu
5140 POSTS
0 COMMENTS
ခင်ဦးတွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်သော အသက် ၃ နှစ်အရွယ်သမီးငယ် ဆေးကုသမှု ခံယူနေရ
ရန်ကုန်၊ ဇူလိုင် ၁
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာနှင့် သာဂရ ကျေးရွာ အနီးရှိ တံတားလုံခြုံရေးစောင့် စစ်ကောင်စီတပ်သားက ဇွန်လ၂၉ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် သမီးငယ် လေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ သေနတ်ကျည်ထိမှန်ခဲ့ပြီး ကလေးငယ် မှာ ရရှိဒဏ်ရာဖြင့် ဆေးကုသမှု...
Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်ဒီကနေ့ ဇူလိုင် ၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ဥကရစ်ထစခန်းကို စစ်ကူလာတဲ့တပ်မ ၄၄ စစ်ကြောင်းတွေကို ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက KNDO ဗိုလ်ကြီးအယ်စေးဝါးဦးဆောင်တဲ့အဖွဲက တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားတွေ အတုံးအရုန်း သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။
လူသတ်အကြမ်းဖက်စစ်ကောင်စီရဲ့...
မြန်မာနိုင်ငံတစ်ဝန်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၅ ဦးသေဆုံးပြီး PDF ၂၂ ဦးကျဆုံး
ရန်ကုန်၊ ဇူလိုင် ၁
မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၅ ဦးသေဆုံးခဲ့ပြီး PDF / ERO ၂၂ ဦးကျဆုံးခဲ့ရသည်။
အဓိကအားဖြင့် ဇွန်လ ၂၆ ရက်နေ့ စတင်ဖြစ်ပွားသော ကရင်ပြည်နယ် ဥကရစ်ထ တိုက်ပွဲသည် ယနေ့ ဇူလိုင်လ ၁ရက်နေ့အထိ ကာလ ရှည်ကြာလာပြီး စစ်ကောင်စီဘက်မှ ၄၀ ဦး သေဆုံးကာ PDF / ERO များဘက်မှ ၁၀ ဦး ကျဆုံးသည်။
ထို့ပြင် ဇွန်လ ၂၉ ရက်နေ့ ဝက်လက်မှ PDF ၉ ဦးကို စစ်တပ်က လမ်းတွင် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ရန်ကုန်လှည်းတန်းပေ ၅၀ လမ်းတွင် စစ်တပ်က ဝင်ရောက်ရမ်းကားပြီး လမ်းဘေးစျေးသည်များ၏ စျေးဗန်းများကို မီးရှို့နေ၊ စျေးသည်များကို စစ်တပ်က ပါးနားများရိုက်နှက်
ရန်ကုန်၊ ဇွန် ၃၀
ရန်ကုန်လှည်းတန်းပေ ၅၀ လမ်းတွင် စစ်တပ်က ယနေ့ည ၈ နာရီခွဲအချိန်တွင် ဝင်ရောက်ရမ်းကားပြီး လမ်းဘေးစျေးသည်များ၏ စျေးဗန်းများကို မီးရှို့နေကြောင်း၊ စျေးသည်များကို ပါးနားရိုက်နှက်နေကြောင်း ဒေသခံများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"အခု စစ်တပ်က စစ်ကား ၅စီး အင်အား၄၀နဲ့ဝင်တယ်။ စျေးဗန်းတွေ အကုန်မီးရှို့နေတယ်။ စျေးသည်တွေ ပြေးသူပြေး ၊ ငိုသူငိုပဲ။ အခုတို့လမ်းထဲမှာ ဝရုန်သုန်းကား ဈေးဗန်းတွေပြေးသိမ်းသူပြေးသိမ်း ၊ တွေ့ရာတွေ ကားပေါ်သယ်နေကြတယ် ၊ဈေးသယ်ပစ္စည်းတွေ လဲမီးပုံရှို့နေလေရဲ့ ၊ဈေးဗန်းတွေလဲ မှောက်ချနေတယ် ။လှည်းတန်းပေ၅၀လမ်းထဲမှာ စျေးသည်ပစ္စည်းတွေစုပုံပြီး မီးရှို့နေတာ။ အခုပါ။ မပြေးနိုင်လို့ မိတဲ့စျေးတွေကို ပါးနားတွေရိုက်နေတယ်" ဟု လမ်းသူလမ်းသား တစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်ထံသို့ စစ်တပ်က ဝင်ရောက် သောင်းကျန်း ဖျက်ဆီးနေသော ဗီဒီယိုများကို ပြည်သူများက ပေးပို့ထားသော်လည်း ရိုက်ကူးသူ လမ်းသူလမ်းသားများ၏ လုံခြုံရေးအတွက် တင်ပြနိုင်ခြင်းမရှိပေ။
ဓာတ်ပုံ- လှည်းတန်းပေ ၅၀ လမ်းတွင် စျေးသည်များ၏ စျေးဗန်းများကို စစ်တပ်က မီးရှို့ပြီး ဖမ်းဆီးရမိသောစျေးသည်များကို ပါးနားများရိုက်နှက်နေစဉ်။
မြောင်နှင့် မင်းကင်းတို့တွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများ ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၃၀
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ် အင်အား ၇၀ ခန့်ပါစစ်ကြောင်းကို CHU LDF တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း CHU တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို Chaung U Local Defence Force (CHU LDF) မှ ရဲဘော် ၁၅ ဦးက လက်လုပ်Shotgun များဖြင့် ရွှေပန်းကျေးရွာအတွင်းသို့ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက် ခဲ့သော်လည်း LDF ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကျော်ရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ရွှေသမင်မုဆိုး အဖွဲ့က ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်မှ စစ်သား ၁ ဦးသည် စနိုက်ပါဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး ပျူစောထီး ၃ ဦးသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်သို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ကျူးကျော်ဝင်ရောက် လာ ပြီးနောက် ထိုင်း F-16 တိုက်လေယာဉ် ၂ စီး ပျံသန်းပြီး ကင်းလှည့်၊ “ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ” ဟု မြန်မာလေတပ်စစ်ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ထံတွင် ဝန်ချတောင်းပန်
ရန်ကုန်၊ ဇွန် ၃၀
ထိုင်းနိုင်ငံဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ယနေ့ နံနက် ပိုင်း ကျူးကျော်ဝင်ရောက်ပြီးနောက် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ ဟု မြန်မာလေတပ်စစ် ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ကိုတောင်းပန်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ သတင်းဖော်ပြရေးသားသည်။
ယနေ့ နံနက်ပိုင်း ထိုင်းစံတော်ချိန် ၁၁ နာရီကျော်ဝန်းကျင်တွင် မြန်မာစစ်တပ် ၏ တိုက်လေယာဉ် ၁ စီး ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယင်းသို့ ဝင်ရောက်မှုကြောင့် ထိုင်းပြည်သူများ ထိတ်လန့်စွာ ထွက်ပြေးကြကြောင်း၊ ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှ ကျောင်း ၂ ကျောင်းပိတ်လိုက်ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားသည်နှင့်ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် ၂ စီး ချက်ချင်းစေလွှတ် ကင်းလှည့်ခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပရာယွတ် နှင့် ထိုင်းတော်ဝင်လေတပ်အကြီးအကဲ ACM Napadej Dhupatemiya တို့ဆွေးနွေးကာ ထိုင်းလေပိုင်နက်ကို ကာကွယ်ရေး ထိုင်းဝန်ကြီး ချုပ်က အမိန့်ပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။
ယင်းနောက် ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya က မြန်မာအကြမ်းဖက် စစ်ကောင်စီထံချက်ချင်း ဖုန်းဆက် အကြောင်းကြားခဲ့ပြီး မြန်မာလေတပ်စစ်ဦးစီးချုပ်က "ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ"ဟုဝန်ချတောင်း ပန် သွားကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသား ဖော်ပြထားသည်။
ဓာတ်ပုံ- ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya။
ဥကရစ်ထစခန်းကို စစ်ကူလာသည့် စစ်ကြောင်းများ အတုံးအရုန်း သေဆုံး၊ စစ်တပ်ဘက်မှ အသေအဆုံးများပြား
ရန်ကုန်၊ ဇွန် ၃၀
ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊ ဥကရစ်ထ စခန်းကို စစ်ကူလာသည့် စစ်ကြောင်းများ ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင်အတုံးအရုန်းသေဆုံးပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
"အဲဒီမှာ သေတဲ့ကောင်တွေ အတုံးအရုန်းပဲ။ သူတိုဘက်က မသေဘူး။ နိုင်နေတယ်။ ကျနော်တို ဘက်က သေနေတယ်ဆိုလိုပါ။ အဲဒီမှာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ ကြည့်ပါ" ဟု တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ PDF သတင်းရင်းမြစ်ကပြောသည်။
Khit Thit သတင်းဌာန၏ ဇွန် ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၃၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
- အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ မြန်မာကျပ်ငွေ နဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတွေကို ဒီကနေ့မှာစတင်သတ်မှတ် ကြေညာလိုက်ပြီး NUG Pay အတွက်လည်း ကိုယ်စားလှယ်တွေကို မြန်မာ၊ ထိုင်း နဲ့ စင်ကာပူတို့မှာစတင် ခန့်ထားပြီးပြီလို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
- မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ ဥကရစ်ထ စခန်း တိုက်ပွဲမှာ ဗုံးကျဲတိုက်ခိုက်ရင်းနဲ့ ထိုင်းနိုင်ငံရဲ့ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်သွား တဲ့အပြင် ကျည်တွေ ကျရောက်မှုရှိပြီး ထိုင်းပြည်သူတွေ အထိတ်တလန့် အကြီး အကျယ် ဒေါသထွက် မကျေမနပ်ဖြစ်နေကြောင်း ထိုင်းပြည်သူများတွေရဲ့ လူမှုကွန်ရက်မှာ ရေးသားထားချက်တွေအရ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်မှာ ရဲစခန်းမှူးတစ်ဦး ဆိုင်ကယ် ဆီထည့်နေတဲ့အချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာသား ကိုဝင်းအောင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ကလမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး သတ်ဖြတ်ထားခဲ့တဲ့ ရုပ်အလောင်းကို ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် တွေ့ရှိခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။
https://youtu.be/G8IheFdKx6s
Breaking News- မှော်ဘီလေတပ်စခန်း လေယာဉ်သိုလှောင်ရုံတွင် ဇွန်လ ၂၈ ရက် နေ့ညပိုင်း ဖောက်ခွဲရန် ဗုံးထောင်ခဲ့သော်လည်း မပေါက်ကွဲခဲ့၊ လေတပ် အရာရှိ နှင့်စစ်သားအများအပြား ဖမ်းဆီးခံရပြီး စစ်ကြောရေးပို့ဆောင်ခံထားရ
ရန်ကုန်၊ဇွန် ၃၀
အကြမ်းဖက် စစ်ကောင်စီ၏ တိုက်လေယာဉ်များထားရှိသည့် ရန်ကုန်၊မှော်ဘီ လေတပ်စခန်း၊ လေယာဉ်သိုလှောင်ရုံကို ဖောက်ခွဲ့ရန် ဇွန်လ ၂၈ ရက်နေ့ ည ပိုင်းတွင် ဗုံးထောင်ခဲ့ သော် လည်း မပေါက်ကွဲခဲ့ကြောင်း CDM တပ်ကြပ်ကြီး လျှပ်စီးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့...
ကလေးမြို့တွင် ရဲစခန်းမှူး ဆိုင်ကယ် ဆီထည့်နေစဉ် ပစ်ခတ်ခံရပြီးသေဆုံး၊ မင်းတပ်တွင် စစ်သားအချင်းချင်း ပစ်ခတ်ကြရာမှ စစ်သား ၃ ဦး သေဆုံး
ရန်ကုန်၊ ဇွန် ၃၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်တွင် ရဲစခန်းမှူးတစ်ဦး ဆိုင် ကယ် ဆီထည့်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်အတွင် ရဲပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းတည့်တည့် ပစ်ခတ်သွားသဖြင့် ပွဲချင်းပြီးသေဆုံးကြောင်း...